The network connection is lost.

Banner Image

ဘိုင်ယန်လူငယ်စတားကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ ယူနိုက်တက်

သတင်းတွေအရ ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ ဘိုင်ယန်မြူးနစ်လူငယ်တိုက်စစ်မှူး မက်သီတဲလ်ကို ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

တဲလ်ဟာ ၂၀၂၂ တုန်းက ရန်းနက်စ်ကနေ ဘိုင်ယန်အသင်းထံပြောင်းရွှေ့လာခဲ့ကာ ဒီရာသီပြိုင်ပွဲစုံ ၂၇ ပွဲအထိ ပါဝင်ကစားပေးထားပါတယ်။ ဒါပေမယ့်လည်း အသက် ၁၈ နှစ်သားဟာ အသင်းမှာ နေရာမရဖြစ်နေတဲ့အနေအထားကြောင့် စိတ်ပျက်နေပြီး နွေရာသီမှာ အသင်းပြောင်းဖို့ ပြင်ဆင်နေတယ်လို့ စကိုင်းစပေါ့တ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်ကလည်း အဆိုပါလူငယ်စတားကိုခေါ်ယူဖို့ အတွင်းပိုင်းထဲမှာ ဆွေးနွေးနေပြီး နွေရာသီစတင်ချိန်မှာ ခေါ်ယူဖို့ပြင်ဆင်နေပါတယ်။ မှန်ကန်တဲ့ကမ်းလှမ်းမှုသာ ရရှိခဲ့မယ်ဆိုရင် တဲလ်ဟာ ယူနိုက်တက်အသင်းထံပြောင်းရွှေ့လာဖွယ်ရှိနေပါတယ်။ အခုချိန်မှာလည်း ဘွန်ဒက်စ်လီဂါချန်ပီယံဟာ တဲလ်ကို အငှားနဲ့စေလွှတ်ချင်နေတယ်လို့ သိရပါတယ်။

ချူပါမိုတင်းရဲ့စာချုပ်သက်တမ်းကိုလည်း ဆက်တိုးဖွယ်မရှိတာကြောင့် ဘိုင်ယန်ဟာ လာမယ့်နွေရာသီမှာ တိုက်စစ်မှူးအသစ် ရှာဖွေရဖွယ်ရှိနေပါတယ်။ တူချယ်ရဲ့ဘိုင်ယန်အသင်းဟာ လေဗာကူဆင်ရဲ့နောက် ၅ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံဆုအတွက် ဆက်လက်ဖိအားပေးနိုင်ဖို့ ဘိုင်ယန်အနေနဲ့ တနင်္ဂနွေနေ့မှာ ဘိုချမ်အသင်းကို အနိုင်ကန်ဖို့ လိုအပ်နေပါတယ်။