The network connection is lost.

Banner Image

ဆာလက်ရဲ့လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားလိုက်တဲ့ စလော့

လီဗာပူးအသင်းနည်းပြ အန်းစလော့က ဆာလက်ရဲ့လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားလိုက်ပြီး တစ်ပတ်ကို ၂ ပွဲနှုန်းကစားနိုင်တဲ့ အသက်အရွယ်ကောင်းမှာရှိနေဆဲလို့ ပြောကြားလိုက်ပါတယ်။

အီဂျစ်သားဟာ လီဗာပူးအသင်းအတွက် ဒီရာသီ ၂၇ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဝုဗ်နဲ့ကန်မယ့်ပွဲမတိုင်ခင် စလော့က ဆာလက်ကို ထိပ်တန်းကစားသမားတစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။ “သေချာတဲ့အရာတွေပါ။ သူ့အသက် ၃၂ နှစ်ရှိနေပြီဆိုတာကို ခင်ဗျားမြင်နိုင်ပါတယ်။ ကျွန်တော် ဆိုလိုတာက သူ့မှာ အတွေ့အကြုံပြည့်ဝနေပြီဖြစ်သလို ဘောလုံးဘယ်နေရာကိုလာမလဲဆိုတာ သိနေပါပြီ။ 

သူက အခြေအနေတော်တော်များများကို ကျော်ဖြတ်လာခဲ့တာပါ။ ဘောလုံးဘယ်နေရာကို လာမလဲဆိုတာကို သူသိနေပြီး အဲ့နေရာမှာ သူရှိနေပါတယ်။ အဲဗာတန်နဲ့ပွဲက သွင်းဂိုးလိုပေါ့။ အခြားအစိတ်အပိုင်းတွေမှာလည်း သူက ကြံ့ခိုင်မှုပြည့်ဝနေသလို သူ့အသက်အရွယ်နဲ့ ၃ ရက်ကို ၁ ပွဲနှုန်းကစားနိုင်ပါတယ်။ ရော်နယ်ဒိုဆိုရင်လည်း အသက် ၄၀ ရှိနေပါပြီ။ သူလည်း အဲ့လိုလုပ်နိုင်နေတုန်းပါပဲ။

ဒါပေမယ့် မိုကတော့ ကျွန်တော်တို့ လူငယ်တွေအတွက် တိကျတဲ့ဥပမာပါ။ သူက ရက်အနည်းငယ်တိုင်းမှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ယူဆောင်လာနိုင်ပါတယ်။ အသက် ၃၂ နှစ်ဆိုတာ အရမ်းမကြီးသေးပါဘူး။ ကစားသမားတစ်ဦးအတွက် အကောင်းဆုံးအသက်အရွယ်ရှိနေပါသေးတယ်”လို့ စလော့က ပြောကြားခဲ့ပါတယ်။
ဆာလက်ရဲ့စာချုပ်သက်တမ်းက ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ဆွေးနွေးမှုတွေတော့ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

စလော့က ဆာလက်အနေနဲ့ နောက်ထပ် ၂ နှစ်လောက်ကို အခုစွမ်းဆောင်ရည်အတိုင်း ဆက်ထိန်းထားနိုင်မယ်လို့ ယုံကြည်နေပါတယ်။
ဆာလက်ဟာ အန်ဖီးလ်မှာ ကစားခဲ့တဲ့နောက်ဆုံး ၅ ပွဲစလုံးကို ဂိုးသွင်းထားနိုင်ခဲ့ပြီး ဝုဗ်ရဲ့တန်းဆင်းဇုန်ရုန်းအားကြောင့် ခက်ခဲဖွယ်ရှိနေပါတယ်။