The network connection is lost.

Banner Image

ဖာနန်ဒက်စ်က သူ့ရဲ့နည်းပြရာထူးကို လိုချင်နေတယ်လို့ စနောက်လိုက်တဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းကိုအကောင်းဆုံးဦးဆောင်နိုင်သူဖြစ်ကြောင်း ချီးကျူးခဲ့ပြီး ပေါ်တူဂီသားက သူ့ရဲ့နည်းပြရာထူးကိုပါ ခိုးယူချင်နေတယ်လို့ စနောက်ပြောကြားလာခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ခရစ္စမတ်မတိုင်မီ အက်စတွန်ဗီလာကို ၂-၁ နဲ့အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရပြီး အခုချိန်အထိ အနားယူနေခဲ့ရပေမယ့် နောက်ကွယ်ကနေ အသင်းကို ဆက်လက်ကူညီနေဆဲဖြစ်ပါတယ်။ အသက်-၃၁ နှစ်အရွယ်ကစားသမားဟာ နယူးကာဆယ်ကိုအနိုင်ရခဲ့တဲ့ ပွဲစဉ်မတိုင်မီ ကွင်းဘေးမှာရောက်ရှိနေခဲ့သလို၊ လေ့ကျင့်ရေးအစီအစဉ်တွေမှာလည်း နည်းပြအာမိုရင်နဲ့အတူ အသင်းကိုကူညီပေးနေတာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ ဝုဗ်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က ဖာနန်ဒက်စ်ဟာ သူ့ရဲ့ရာထူးကိုခိုးယူဖို့ကြိုးစားနေကြောင်း စနောက်လာခဲ့ပါတယ်။ ပေါ်တူဂီသားနည်းပြက "သူက ကစားခွင့်မရတဲ့အချိန်မှာတော့ အသင်းခေါင်းဆောင်မဟုတ်ပေမယ့် ကွင်းပြင်ပမှာတော့ အသင်းခေါင်းဆောင်အနေနဲ့ဆက်ရှိနေဆဲပါ။ သူက အမြဲတမ်းစကားပြောနေလေ့ရှိပြီး အသင်းဖော်တွေကိုအမြဲတမ်းကူညီပေးနေပါတယ်။ ဒါကြောင့်ပဲ သူက အသင်းခေါင်းဆောင်ဖြစ်နေတာပါ"

"သူ့မှာ မကောင်းတဲ့အချက်တစ်ချို့လည်းရှိပါတယ်။ သူ့ရ့လက်ကိုအမြဲတမ်းမြှောက်နေတတ်တာမျိုးပေါ့။ ဒါပေမယ့် သူ့မှာကောင်းတဲ့အချက်တွေလည်းအများကြီးရှိပါတယ်။ သူကအသင်းကို အချိန်တိုင်းမှာဦးဆောင်နေသူဖြစ်ပြီး အသင်းဖော်တွေ လေ့ကျင့်ရေးဆင်းတာကိုလည်း ထိုင်ကြည့်နေတတ်တဲ့သူပါ"

"ဒီတော့ သူနဲ့ပတ်သက်ပြီး အပြင်လူတွေမသိတာတွေအများကြီးပါ။ သူက အမြဲတမ်း အသင်းအတွက် တစ်ခုမဟုတ်တစ်ခုလုပ်နေတတ်ပါတယ်။ ကျွန်တော့်အလုပ်ကိုများ သူလိုချင်နေတာလားတော့မသိပါဘူး။ ဒါပေမယ့် သူက ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာတော့ သေချာ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး အာမိုရင်က ဝုဗ်ဟာ ပြိုင်ဘက်ကောင်းဖြစ်ကြောင်းနဲ့ အသင်းအနေနဲ့ အနိုင် ၃ မှတ်ရဖို့အတွက်တော့ သေချာပေါက်ကြိုးစားသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ အာမိုရင်က "ကျွန်တော်တို့ အနိုင်ရဖို့လိုပါတယ်။ ဝုဗ်ကလည်း ပြိုင်ဘက်ကောင်းဆိုတာ အာဆင်နယ်နဲ့ပွဲမှာ ပြသနိုင်ခဲ့ပါတယ်။ သူတို့အဲဒီပွဲမှာ သရေတစ်မှတ်ရဖို့ အရမ်းနီးစပ်ခဲ့ပါတယ်"

"ဒါက ပရီးမီးယားလိဂ်ပါ။ ဒီပြိုင်ပွဲမှာ ဘာတွေဖြစ်လာမလဲ ကြိုပြီးတော့မသိရပါဘူး။ ဝုဗ်မှာ သူတို့ပြဿနာနဲ့သူတို့ရှိသလို၊ ကျွန်‌တော်တို့မှာလည်း ကိုယ့်ပြဿနာနဲ့ကိုယ်ပါ။ ဒါပေမယ့် ဒီလိုပွဲမျိုးမှာတော့ကျွန်တော်တို့ ဆင်ခြေတွေပေးနေလို့မရပါဘူး။ ကျွန်တော်တို့ အနိုင်ရဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။