The network connection is lost.

Banner Image

ယူနိုက်တက်စတားကို ရောင်းချဖို့ ပရိသတ်တွေမစိုးရိမ်သင့်ကြောင်း ပေါလ်စခိုးလ်ပြောကြား

ယူနိုက်တက်ဂန္ထဝင်ဟောင်း ပေါလ်စခိုးလ်က ပရိသတ်တွေအနေနဲ့ ဂါနာချိုကို ရောင်းချဖို့ဆုံးဖြတ်မှာကို မစိုးရိမ်သင့်ကြောင်း ပြောကြားလိုက်ပါတယ်။ နာပိုလီအသင်းဟာ ကာဗာစခီလီယာနေရာအတွက် ဂါနာချိုနဲ့အစားထိုးဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဘက်က ဂါနာချိုအတွက် ပေါင်သန်း ၇၀ တန်ကြေးသတ်မှတ်ထားပေမယ့် နာပိုလီဘက်က ပေါင် ၄၂ သန်းနဲ့ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

ပရီးမီးယားလိဂ်ရဲ့စည်းမျည်းအရ ယူနိုက်တက်ဟာ ဂါနာချိုအပြင် ကိုဘီမီနူးကိုလည်း ရောင်းချဖို့ ကမ်းလှမ်းမှုတွေကို နားစွင့်နေပြီး ချဲလ်ဆီး နဲ့ ဘိုင်ယန်တို့က စိတ်ဝင်စားနေပါတယ်။ စခိုးလ်က ယူနိုက်တက်အနေနဲ့ ဂါနာချိုကို ရောင်းချနိုင်တယ်လို့ ယုံကြည်နေပြီး ကိုဘီကိုတော့ ယူနိုက်တက်ကနေထွက်ခွာမှာကို တာားဆီးဖွယ်ရှိနေပါတယ်။

“ဂါနာချို ဒါမှမဟုတ် ကိုဘီကိုရောင်းချမှာက မဖြစ်နိုင်စရာပါ။ သူတို့က အသင်းအတွက် အလုပ်ကြိုးစားတဲ့ကောင်လေးတွေပါ။ သူဆိုရင်လည်း ယူနိုက်တက်မှာ အသက် ၇ နှစ် ဒါမှမဟုတ် ၈ နှစ်လောက်ကတည်းကရှိနေခဲ့တာပါ။ 

အဲ့နောက် အခုအချို့စည်းမျည်းအရ သူ့ကိုရောင်းချဖို့ ပြင်ဆင်နေပါတယ်။ အဲ့တာက တကယ့်ကိုမဖြစ်နိုင်စရာပါ။ ယူနိုက်တက်ရဲ့အတောက်ပဆုံးကစားသမားတွေထဲမှာ သူလည်း ပါဝင်ပါတယ်။
သူက လာမယ့် ၅ နှစ် ကနေ ၁၀ နှစ်အထိ ယူနိုက်တက်ကို ဦးဆောင်နိုင်တဲ့သူဖြစ်လာနိုင်ပါတယ်။ ဂါနာချိုကိုတော့ ရောင်းချနိုင်ချေရှိနေပေမယ့် သူ့ကိုအသင်းမှာဆက်ထိန်းပြီး သေချာလေ့ကျင့်ပေးမယ်ဆိုရင် ပိုကောင်းလာနိုင်ပါတယ်။

အသင်းဘက်က ဂါနာချိုကိုရောင်းချမှာနဲ့ပတ်သက်ပြီး မစိုးရိမ်ပေမယ့် ကိုဘီကိုရောင်းချမယ်ဆိုရင်တော့ ကျွန်တော့်ဘက်က ဆန့်ကျင်မှာပါ။ ဂါနာချိုက အသားကျလွယ်တဲ့သူပါ။ အဲ့တာကို သံသယမရှိပါဘူး။ ဒါပေမယ့် သူ့အနေနဲ့လည်း အခုအသင်းမှာ နေရာရဖို့ ရုန်းကန်နေရပါတယ်”လို့ စခိုးလ်က ပြောကြားခဲ့ပါတယ်။