Globe Soccer Award ဆုရယူနိုင်ခဲ့ပြီးနောက် အားကျအတုယူခဲ့ရတဲ့ နေမာကို ကျေးဇူးတင်ခဲ့တဲ့ ယာမဲလ်
ဒူဘိုင်းမှာကျင်းပခဲ့တဲ့ Globe Soccer Award ဆုရယူနိုင်ခဲ့ပြီးနောက် အားကျအတုယူခဲ့ရတဲ့ နေမာကို ယာမဲလ်တစ်ယောက် ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။ အသက် ၁၇ နှစ်သားဟာ ၂၀၂၄ မှာ အတောက်ပဆုံးဖြစ်ခဲ့ပြီး ကိုပါဆု ၊ Golden Boy ဆုအပြင် အခုလည်း Globe ဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အသက် ၁၇ နှစ်သားဟာ အဆိုပါဆုအား အသင်းဖော် ကာဘာဆီ ၊ ယူနိုက်တက်စတား၂ ဦးဖြစ်တဲ့ ဂါနာချို ၊ မီနူး ၊ ရီးရဲလ်စတား ဂူလာ ၊ မန်စီးတီးစတား ဆာဗင်ဟို ၊ ဂျူဗင်တပ်စ်စတား ကီနန်တို့ကိုကျော်ဖြတ်ကာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ယာမဲလ်ဟာ စပိန်အသင်းယူရိုချန်ပီယံဖြစ်ခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဆုရယူနိုင်ခဲ့ပြီးနောက် အင်တာဗျူးမှာ ယာမဲလ်က “အဆုံးသတ်နေ့မှာ ကျွန်တော် သေချာအာရုံစိုက်တွေးခဲ့သလို ဘောလုံးကစားတာကို အာရုံစိုက်ခဲ့ပါတယ်။ အခုလိုမျိုးဆုရအောင် ကူညီပေးခဲ့တဲ့ ဂန္ထဝင်တွေအပြင် အထူးသဖြင့် ကျွန်တော်အားကျရတဲ့ နေမာကို ကျေးဇူးအထူးတင်ချင်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
လက်ရှိမှာတော့ စပိန်သားဟာ ခြေကျင်းဝတ်ဒဏ်ရာရရှိနေပြီး အသင်းနဲ့အတူပြန်လာနိုင်ဖိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် လာမယ့်ဇန်နဝါရီ ၈ ရက်နေ့မှာကန်မယ့် စပိန်စူပါဖလားပွဲအဖြစ် အက်သလက်တစ်ကလပ်အသင်းနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။