မိုကမ်ဘီနဲ့ပွဲမှာ မာဒူကီမပါဝင်လာတာနဲ့ပတ်သက်ပြီး မာရက်စ်ကာ ရှင်းပြ
ချဲလ်ဆီးအသင်းနည်းပြ မာရက်စ်ကာက မိုကမ်ဘီအသင်းကို ၅ ဂိုးပြတ်အနိုင်ရခဲ့တဲ့အက်ဖ်အေဖလားပွဲမှာ မာဒူကီအရန်ခုံမှာတောင် မပါဝင်လာတာနဲ့ပတ်သက်ပြီး ရှင်းပြလိုက်ပါတယ်။ အင်္ဂလန်သားဟာ ပြီးခဲ့တဲ့ပဲလေ့စ်နဲ့သရေကျခဲ့တဲ့ပွဲမှာ ၄ မိနစ်သာ ပါဝင်ခွင့်ရရှိခဲ့ပြီး အသက် ၂၂ နှစ်သားဟာ မိုကမ်ဘီနဲ့ပွဲမှာ ဖျားနေတာကြောင့် မပါဝင်တာလို့ မာရက်စ်ကာက ရှင်းပြခဲ့ပါတယ်။
လူတိုင်းက မာဒူကီဘာကြောင့်မပါဝင်လာခဲ့လဲဆိုတာကို သိချင်နေကြပြီး မာရက်စ်ကာက အဆိုပါအနေအထားနဲ့ပတ်သက်ပြီး “မနေ့တုန်းက သူလေ့ကျင့်ခန်းအစီအစဉ်ပြီးဆုံးအောင် မပါဝင်ခဲ့ပါဘူး။ သူက နေမကောင်းဖြစ်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ မာဒူကီဟာ ပွဲအတွင်းမှာကော လေ့ကျင့်ခန်းအစီအစဉ်မှာပါ အလုပ်လုပ်ပုံ နဲ့ အားစိုက်ထုတ်မှုအားနည်းတာကြောင့် နည်းပြဖြစ်သူနဲ့အချင်းများခဲ့သေးတာဖြစ်ပါတယ်။
မာရက်စ်ကာက ပီအက်စ်ဂျီကစားသမားဟောင်းအနေနဲ့ ကွင်းအတွင်းမှာ ပိုပြီးအားစိုက်ထုတ်တာကို လိုချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီရာသီပြိုင်ပွဲစုံ ၂၂ ပွဲမှာ မာဒူကီတစ်ယောက် ၁၀ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ လာမယ့်အင်္ဂါနေ့မှာ ဘုန်းမောက်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။