The network connection is lost.

Banner Image

နည်းပြသစ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ကာဗာဂျယ်

ရီးရဲလ်နောက်ခံလူ ကာဗာဂျယ်က နည်းပြသစ် အလွန်ဆိုဟာ အန်ဆယ်လော့တီထက် စည်းကမ်းပိုင်းဆိုင်ရာကို အာရုံပိုစိုက်တယ်လို့ ပြောကြားလိုက်ပါတယ်။ ရီးရဲလ်အသင်းခေါင်းဆောင်က အန်ဆယ်လော့တီ နဲ့ လက်ရှိနည်းပြ အလွန်ဆိုတို့ကြား ခြားနားမှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ယခင်နည်းပြဟောင်း အန်ဆယ်လော့တီလက်အောက်မှာ full-back ကစားသမားတွေဟာ လွတ်လပ်ပေမယ့် အခု အလွန်ဆိုလက်အောက်မှာတော့ စည်းကမ်းပိုင်းဆိုင်ရာကို ပိုအာရုံစိုက်တယ်လို့ ပြောကြားလိုက်ပါတယ်။ ကာဗာဂျယ်ဟာ မက်ဒရစ်အသင်းရဲ့သက်တော်ရှည်ကစားသမားဖြစ်သလို အန်ဆယ်လော့တီလက်အောက် ၆ ရာသီအတွင်းမှာ ရွေးချယ်ခံရတဲ့ကစားသမားတွေထဲကတစ်ယောက်ဖြစ်ပါတယ်။

အလွန်ဆို နဲ့ အန်ဆယ်လော့တီတို့ကြားက ခြားနားချက်ကို ကာဗာဂျယ်ကပြောကြားခဲ့ပြီး အီတလီသားနည်းပြကြီးက ကစားသမားတွေကို ကွင်းအတွင်းကော ကွင်းပြင်ပမှာပါ လွတ်လပ်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။  “အန်ဆယ်လော့တီက မက်ဒရစ်ရဲ့ဂန္ထဝင်တစ်ဦးပါ။ သူက ရီးရဲလ်သမိုင်းကြောင်းမှာ အမြဲတမ်းတစ်ယောက်အပါအဝင်ဖြစ်နေမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ အပြောင်းအလဲလုပ်ဖို့ လိုအပ်ခဲ့တယ်လို့ ထင်ပါတယ်။ နည်းပြလည်း အဲ့တာကိုမြင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အဆုံးသတ်မှာ ကျွန်တော်တို့ သူနဲ့နှစ်အတော်ကြာရှိခဲ့ပါတယ်။ တစ်ချို့အချိန်တွေမှာ ခင်ဗျားအနေနဲ့ အပြောင်းအလဲလုပ်ဖို့ လိုအပ်ပါတယ်။

အဲ့လိုလုပ်မယ်ဆိုရင်လည်း လူတိုင်းအတွက်ကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်။ နည်းပြတိုင်းမှာ သူ့နည်းလမ်းနဲ့သူရှိပါတယ်။ သူတို့က မတူညီတဲ့မျိုးဆက်တွေပါ။ အဲ့တာက မှန်ပါတယ်။ ဥပမာ အန်ဆယ်ဆိုရင် ကစားသမားတွေကို လွတ်လပ်ခွင့်ပေးထားပါတယ်။ ဇာဗီကတော့ စည်းကမ်းပိုင်းဆိုင်ရာကို ပိုအာရုံစိုက်ပါတယ်။ တစ်ဦးချင်းစီမှာ သူ့စိတ်ကူးနဲ့သူရှိပါတယ်။

လွန်ခဲ့တဲ့နှစ်တွေကတည်းက ဘောလုံးကိုတီထွင်ခဲ့တာပါ။ တစ်ဦးချင်းစီက သူ့ယုံကြည်မှုနဲ့သူသွားကြပါတယ်”လို့ ကာဗာဂျယ်က ပြောကြားခဲ့ပါတယ်။ အလွန်ဆိုဟာ ဘာနေဗျူးနည်းပြဘ၀ အစကောင်းနေပြီး ကလပ်ကမ္ဘာ့ဖလားမှာ စိတ်ပျက်ခဲ့ရပေမယ့် လာလီဂါ ၃ ပွဲမှာ ၃ ပွဲအနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ လာမယ့်စက်တင်ဘာ ၁၃ ရက်နေ့မှာ ဆိုစီဒက်နဲ့ကန်ရမှာဖြစ်ပြီး အဲ့နောက် ၃ ရက်အကြာမှာ မာဆေးလ်အသင်းနဲ့ချန်ပီယံလိဂ်ပွဲကန်ရမှာဖြစ်ပါတယ်။