
အက်ဖ်အေရဲ့ ပြစ်ဒဏ်ချမှတ်မှုကိုလက်ခံခဲ့တဲ့ အာနီစလော့ နှင့် စပိုက်ခ်ဟူလ်ရှော့ဖ်
လီဗာပူးနည်းပြ အာနီစလော့ နှင့် လက်ထောက်နည်းပြဖြစ်သူ စပိုက်ခ်ဟူလ်ရှော့ဖ် တို့ဟာ လွန်ခဲ့တဲ့ လအတွင်း အဲဗာတန် နှင့် ၂-၂ ဂိုး သရေကျခဲ့တဲ့ ပွဲစဉ်အပြီးတွင် အနီကတ်များ ရရှိခဲ့ပြီးနောက် အက်ဖ်အေရဲ့ စွပ်စွဲချက်များကို လက်ခံခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ မကောင်းတဲ့ အပြုအမူ သို့မဟုတ် စော်ကားတဲ့ စကားလုံးများ အပြုအမူများဖြင့် ဒိုင်လူကြီးအား ပြောဆိုခဲ့တာဖြစ်ကြောင်း စွပ်စွဲခံခဲ့ရတာပါ။
စလော့ဟာလီဗာပူးရဲ့ နောက်ဆုံး ပွဲစဉ် ၂ ပွဲဖြစ်တဲ့ ဝုဗ်နှင့် အက်စ်တွန်ဗီလာ တို့ပွဲစဉ်များအတွက် ပွဲကြီးကြပ်ခွင့် ရှိနေအုံးမှာဖြစ်ပါတယ်။ သို့သော် အဆိုပါပြစ်ဒဏ်ကြောင့် သူဟာ လာမည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ပါဝင်ခွင့် မရှိနိုင်ပါဘူး။
လီဗာပူးဟာ တနင်္ဂနွေနေ့တွင် မန်စီးတီးနှင့် အရေးပါတဲ့ ပွဲစဉ်ကို ရင်ဆိုင်ရမှာဖြစ်ပြီး ထို့နောက် နယူးကာဆယ်နှင့် အိမ်ကွင်းပွဲစဉ်ကို ကစားရမှာဖြစ်ပါတယ်။ ထိုပွဲစဉ် ၂ ပွဲလုံးတွင် စလော့ဟာ ပွဲကြီးကြပ်ခွင့် ပိတ်ပင်ခြင်းခံရနိုင်ပါတယ်။ အကယ်၍ စီနီယာနည်းပြ ၂ ဦးစလုံး ပြစ်ဒဏ်ကျခံရပါက ဂျွန်ဟိုက်တင်ဂါကသာ တာဝန်ယူသွားရဖို့ရှိတယ်လို့ ထင်ရပါတယ်။