The network connection is lost.

Banner Image

နယူးကာဆယ်အသင်း ဂိုးသမားသစ်တစ်ယောက် ရှာဖွေနေ

နယူးကာဆယ်ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ အသင်းရဲ့ အဓိက ဂိုးသမားနေရာအတွက် ကစားသမားသစ်တစ်ယောက်ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

နယူးကာဆယ် စီမံခန့်ခွဲသူတွေဟာ ဂိုးသမား နစ်ပုပ်ပ် အပေါ် ယုံကြည်မှု လျော့နည်းလာသလို၊ အာရွန် ရမ်းစ်ဒေးလ် ကလည်း အသင်းမှာ ဆက်ထိန်းထားဖို့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး မပြသနိုင်ဘူးလို့ The Athletic သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ရမ်းစ်ဒေးလ်ဟာ လက်ရှိမှာ ဆောက်သမ်တန်အသင်းဆီကနေ နယူးကာဆယ်ကို အငှားနဲ့ လာရောက်ကစားနေတာဖြစ်ပြီး အပြီးသတ်ဝယ်ယူခွင့် ရှိနေပေမဲ့ နယူးကာဆယ် တာဝန်ရှိသူတွေကတော့ သူ့ကို ရာသီကုန်မှာ ဆောက်သမ်တန်ဆီ ပြန်ပို့ဖို့ ဆုံးဖြတ်ထားပါတယ်။

အဲဒီအစား နယူးကာဆယ်အသင်းဟာ နွေရာသီမှာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမားသစ်တစ်ယောက် ခေါ်ယူဖို့ကိုပဲ အာရုံစိုက်သွားမှာပါ။

အသက် ၃၃ နှစ်အရွယ် နစ်ပုပ်ပ်ရဲ့ နယူးကာဆယ်နဲ့ လက်ရှိစာချုပ်သက်တမ်းဟာလည်း ဒီရာသီမှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။