The network connection is lost.

Banner Image

ဟိုင်တင်ဂါကို လက်ထောက်နည်းပြတာဝန်ပေးအပ်လိုက်တဲ့ လီဗာပူး

လီဗာပူးအသင်းက သူတို့ရဲ့နည်းပြအဖွဲ့မှာ ဟိုင်တင်ဂါကို လက်ထောက်နည်းပြအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။ အသက်-၄၀ နှစ်အရွယ် ကစားသမားဟောင်းက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီသစ်မစတင်ခင်မှာပဲ အန်းစလော့ရဲ့နည်းပြအဖွဲ့ဆီ နောက်ဆုံးအင်အားဖြည့်တင်းမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဟိုင်တင်ဂါက ဗဟိုနောက်ခံလူအဖြစ် နယ်သာလန်လက်ရွေးစင်အသင်းအတွက် ၈၇ ပွဲအထိ ပါဝင်ကစားပေးခဲ့ဖူးသလို ကလပ်အသင်းအဆင့်မှာလည်း အေဂျက်စ်၊ အက်သလက်တီကိုမက်ဒရစ်၊ အဲဗာတန်၊ ဖူလ်ဟမ်နဲ့ ဟာသာဘာလင်အသင်းတို့ကို ကိုယ်စားပြုပေးခဲ့ပါတယ်။ သူက ၂၀၁၆ ခုနှစ်မှာ ကစားသမားဘ၀ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီနောက်မှာတော့ သူက အေဂျက်စ်လူငယ်အသင်းအပါအဝင် လူငယ်အသင်းများစွာနဲ့အတူ အလုပ်လုပ်ကိုင်ကာ နည်းပြဘဝဆီ ကူးပြောင်းလာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ အေဂျက်စီနီယာအသင်းကိုလည်း ဟိုင်တင်ဂါတာဝန်ယူခဲ့ဖူးပါတယ်။ ဒါ့အပြင် ဟိုင်တင်ဂါက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ဝက်စ်ဟမ်းအသင်းမှာ ပထမအသင်းလက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။

လက်ရှိမှာတော့ သူက ရာသီသစ်အတွက် ပြင်ဆင်နေတဲ့ လီဗာပူးအသင်းအတွက် အန်းစလော့ရဲ့လက်ထောက်အဖြစ် တာဝန်ယူရပါလိမ့်မယ်။