The network connection is lost.

Banner Image

မျက်နှာအရိုးကျိုးခြင်းကို ခွဲစိတ်ကုသမှုခံယူရမှာဖြစ်တာကြောင့် ယူရို ၂၀၂၄ ပွဲစဉ်တွေကို ကစားနိုင်တော့မှာ မဟုတ်တဲ့ ဟန်ဂေရီတိုက်စစ်မှူး ဗာဂါ

တိုက်စစ်မှူး ဗာဂါဟာ မျက်နှာအရိုးကျိုးခြင်းအတွက် ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်တာကြောင့် ယူရို ၂၀၂၄ တွင် ထပ်မံကစားနိုင်တော့မှာမဟုတ်ကြောင်း ဟန်ဂေရီက အတည်ပြုခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ စကော့တလန်အသင်းနှင့်  ကစားခဲ့တဲ့ အုပ်စု A ပွဲစဉ်တွင် ဘောလုံးရရှိရန် ကြိုးပမ်းခဲ့ပြီးနောက် ထိခိုက်ခဲ့တာကြောင့် အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်ခဲ့ပါတယ်။ အန်ဂက်စ်ဂန်က ဘောလုံးကို ရှင်းထုတ်ရန် ကြိုးပမ်းစဉ် ဗာဂါနှင့် တိုက်မိခဲ့ပြီး အသင်းဖော်များတွေကလည်း ကွင်းထဲတွင် မှောက်လျက် လဲကျနေတဲ့ တိုက်စစ်မှူးရဲ့ အခြေအနေကြောင့် ချက်ချင်း ထိတ်လန့်သွားခဲ့ကြပါတယ်။

ဗာဂါကို ကွင်းထဲကနေ ဆေးရုံမပို့ခင် ဟန်ဂေရီကပ္ပတိန် ဆိုဘိုဆလိုင်းက မျက်ရည်ကျနေကာ ကစားသမားနဲ့ သူ့ကိုကုသပေးနေတဲ့ ဆေးအဖွဲ့ကို သီးသန့်ထားနိုင်ဖို့ စောင်တွေသုံးပြီး အကာအကွယ်ပြုလုပ်ထားရတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဗာဂါဟာ စတုဂတ်ဆေးဘက်ဆိုင်ရာဌာနတွင် ကုသမှုခံယူနေပြီး သတိရလာပြီဖြစ်ကြောင်း အတည်ပြုထားပါတယ်။

ဟန်ဂေရီဘောလုံးအဖွဲ့ချုပ်ရဲ့ နောက်ထပ်ထုတ်ပြန်ချက်တစ်ခုတွင် "ထိခိုက်မှုကြောင့် ဗာဂါရဲ့မျက်နှာတွင် အရိုးအများအပြား ကျိုးသွားခဲ့ပြီး ဖာရန်ဗရော့စ်တိုက်စစ်မှူးဟာ ခွဲစိတ်ကုသမှုခံယူရန် အလားအလာအများဆုံးဖြစ်နေပါတယ်။ သူဟာ စတုဂတ်ကဆေးရုံတွင် တစ်ညလုံးရှိခဲ့ပါတယ်။ အဖွဲ့တစ်ဖွဲ့လုံးက သူ့အတွက် စောင့်ကြည့်နေပါတယ်"လို့ ပါရှိပါတယ်။

ဟန်ဂေရီနည်းပြ ရော့စီက အခုလိုကြောက်စရာကောင်းတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး "သူဟာ ဂိုးသမား ဒါမှမဟုတ် အခြားပြိုင်ဘက်ကစားသမားနဲ့ ထိပ်တိုက်တွေ့ခဲ့တာလားဆိုတာ ကျွန်တော်သေချာတော့မသိပါဘူး။ အဲ့ဒါကြောင့် VAR က ပင်နယ်တီအတွက် စစ်ဆေးခဲ့ပါတယ်။ ကစားသမားတွေဆီကနေ ကျွန်တော်ကြားခဲ့ရတာကတော့ ဗာဂါဟာ အဲဒီအခိုက်အတန့်မှာ သတိမထားမိခဲ့ပါဘူး။ လူတိုင်းက သူ့အခြေအနေအတွက် တကယ်ကို စိတ်ပူနေပြီး ဆရာဝန်တွေ နည်းနည်းနောက်ကျမှ ရောက်မှာကို စိုးရိမ်တာလို့ ပြောလို့ရပါတယ်။ အားလုံးကအန္တရာယ်ရှိတဲ့ အခြေအနေဖြစ်မှာကို မသိခဲ့ကြပါဘူး။ ကံကောင်းထောက်မစွာပဲ ယခုတော့ ဗာဂါက စိုးရိမ်စရာအခြေအနေကနေ လွတ်မြောက်သွားပါပြီ။ အရိုးကျိုးသွားတာကြောင့် နောက်နာရီပိုင်းအတွင်းမှာ ခွဲစိတ်ကုသမှု ခံယူရဖွယ်ရှိနေပါတဘ်။ အရေးကြီးဆုံးကတော့ သူကျန်းမာဖို့ပါပဲ။  တကယ်လို့ ဒီပြိုင်ပွဲရဲ့နောက်တစ်ဆင့်ကိုရောက်ခဲ့မယ်ဆိုရင်တောင် သူက အသင်းအတွက် ကစားပေးနိုင်မှာ မဟုတ်ပါဘူး" လို့ ပြောပါတယ်။

ဟန်ဂေရီဟာ စကော့တလန်ကို အံ့အားသင့်ဖွယ်အနိုင်ရပြီးနောက် ယူရို ၂၀၂၄ ရဲ့နောက်ဆုံး ၁၆သင်းအဆင့်သို့ တက်ရောက်ဖို့ အခွင့်အရေးရှိနေတာဖြစ်ပြီး ပွဲချိန် မိနစ် ၁၀၀ တွင် ကီဗင်ကက်ဆိုဘို့ရဲ့သွင်းဂိုးဖြင့် အနိုင်ရရှိကာ အကောင်းဆုံး တတိယအဖြစ် နောက်တစ်ဆင့်တက်ရန် လုံလောက်တဲ့အမှတ် ရရှိခဲ့ပြီဖြစ်ပါတယ်။