The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ဆီ ပြန်လာဖို့ ထင်ကြေးပေးနေချိန်မှာပဲ အနာဂတ်အကြောင်း ဖွင့်ဟဆွေးနွေးလာတဲ့ တိုမီနေး

နာပိုလီမှထွက်ခွာကာ ပရီးမီးယားလိဂ်ဆီပြန်လာမယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေကို ပယ်ချပေးဖို့ တိုမီနေးကိုယ်တိုင် ရှောင်ဖယ်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီ၊ မန်ချက်စတာယူနိုက်တက်မှ ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ ဖြင့်ရောက်ရှိလာတဲ့ စကော့တလန်လက်ရွေးစင်ကစားသမားက သူ့ရဲ့ပထမဆုံးဘောလုံးရာသီမှာတင် စီးရီးအေချန်ပီယံသရဖူကို ရယူနိုင်ခဲ့ပါတယ်။

အသက်-၂၈ နှစ်အရွယ်ကစားသမားက နေပယ်လ်မြို့ရှိပရိသတ်တွေရဲ့အာရုံစိုက်မှုကြောင့် အသက်ရှုကြပ်နေပြီး အင်္ဂလန်ထိပ်တန်းလိဂ်ဆီပြန်လာဖို့ စဉ်းစားနေတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ကစားသမားနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကတော့ တိုမီနေးကိုယ်တိုင် အီတလီမှာ ပျော်ရွှင်နေပြီး အပြောင်းအရွှေ့ချိတ်ဆက်မှုတွေကို ပြတ်ပြတ်သားသားငြင်းဆိုခဲ့ပါတယ်။

BBC နဲ့တွေ့ဆုံချိန် မက်တိုမီနေးက “ နေပယ်လ်မြို့ခံပရိသတ်တွေက အံ့အားသင့်စရာကောင်းလောက်အောင် စိတ်အားထက်သန်ကြပါတယ်။ ဘယ်ပွဲသွားသွား ကိုယ်နဲ့တွေ့ရင် လှိုက်လှိုက်လှဲလှဲနှုတ်ဆက်ကြသလို ကိုယ်နဲ့အတူ စကားစမြည်လောက်တော့ ပြောချင်ကြပါတယ်။ သူတို့ရဲ့အခုလိုဂရုစိုက်မှုတွေကြောင့် ကွင်းထဲရောက်ရှိသွားချိန်တိုင်းမှာ စိတ်အားတက်ကြွစေပါတယ်။

စားသောက်ပုံ၊ နေထိုင်ပုံမှအစ လုံးဝကိုမတူကွဲပြားလွန်းတဲ့ ဘဝနေထိုင်မှုပုံစံတစ်ခု ဖြစ်ပါတယ်။ ဒါတွေက ကိုယ့်အတွက် စိတ်ပိုင်းဆိုင်ရာခွန်အားတွေ ပိုပြီးပေးစွမ်းနိုင်ပါတယ်။ ကျွန်တော်က အမေနဲ့ပဲ အမြဲတမ်းလိုလို အတူရှိနေခဲ့လို့ ကိုယ်သွားချင်တဲ့နေရာဆီ စိတ်ရှိတဲ့အချိန်တိုင်း သွားလာနိုင်ပါတယ်။

အခုတော့ ကျွန်တော်က မိုင် ၁,၅၀၀ လောက်အဝေးဆီ ရောက်ရှိနေလို့ အိမ်မပြန်နိုင်ဘဲ အမေ၊ မိသားစု၊ ညီမနဲ့ ရင်သွေးလေးတွေကို မတွေ့ရပါဘူး။ ဒါက အတော်လေးကွဲပြားလွန်းပါတယ်။ ဒါပေမဲ့ ဘဝမှာ တခါတရံကျရင် သက်သောင့်သက်သာအခြေအနေမှ ရုန်းထွက်နိုင်ဖို့လိုအပ်လို့ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းဂုဏ်ယူမိပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း သက်သောင့်သက်သာအခြေအနေအောက်မှာ ဘယ်တော့မှမနေချင်ပါဘူး။ ဘယ်နေရာပဲဖြစ်ဖြစ် ကိုယ်သွားနိုင်သေးတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အကောင်ဆုံးထူထောင်သွားပါမယ်။ ဘာကြောင့် မလုပ်နိုင်ရမှာလဲ? ဘယ်သူကရော ကျွန်တော့်ကို တားဆီးနိုင်မလဲ?” လို့ ပြောပါတယ်။