The network connection is lost.
အာဆင်နယ်အသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်က ချန်ပီယံလိဂ်ဒုတိယအကျော့ အမ်းမရိတ်မှာ နောက်တစ်ဆင့်တက်နိုင်ဖို့ ရေကုန်ရေခမ်းကြိုးစားဖို့ မျှော်လင့်နေပါတယ်။ ပေါ်တိုအသင်းကို အရေးနိမ့်ခဲ့ပြီးနောက် ရိုက်စ်က ပရိသတ်တွေ အနေနဲ့ အသင်းနောက်မှာရပ်တည်နေမယ်လို့ မျှော်လင့်နေပါတယ်။
“ကျွန်တော်တို့ အားလုံးကို လိုအပ်ပါတယ်။ အမ်းမရိတ်မှာ နောက်တစ်ဆင့်တက်နိုင်ဖို့ ကြိုးပမ်းသွားမှာပါ။ ကျွန်တော်တို့အိမ်ကွင်းမှာ အဲ့လိုလုပ်နိုင်လိမ့်မယ်လို့ ခံစားနေရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အိမ်ကွင်းက ကမ္ဘာ့အကောင်းဆုံး ကစားချင်စဖွယ်ကွင်းတွေထဲက တစ်ကွင်းဖြစ်တာကြောင့်ပါ။ ဒါကြောင့် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေရပါမယ်။ ပရိသတ်တွေလည်း ကျွန်တော်တို့နောက်မှာ ရှိနေမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အားလုံးကို လိုအပ်ပါတယ်”လို့ ရိုက်စ်က ပြောကြားခဲ့ပါတယ်။
ပထမအကျော့အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပြီးနောက် ရိုက်စ်က “အဲ့တာက စိတ်ပျက်စရာပါ။ ကျွန်တော်တို့ အလုပ်ကြိုးစားပြီး သေချာလေးပြင်ဆင်လာခဲ့တာပါ။ ဒီနေ့မှာ ကျွန်တော်တို့လိုချင်တဲ့အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့ပါဘူး။ ၂၀၂၄ အစမှာ ကျွန်တော်တို့ အများကြီး သင်ယူခဲ့ရသလို အခုလည်းဒီညကနေ သင်ယူရပါမယ်။ အဲ့တာက အပေါင်းလက္ခဏာဆောင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ နောက်ကျသွင်းဂိုး ပေးလိုက်ရတာက ခက်ခဲပါတယ်။ ဒါပေမယ့် အဲ့တာက ဒုတိယအကျော့ကျန်နေပါသေးတယ်။ ကျွန်တော်တို့ အိမ်ကွင်းမှာ ပရိသတ်တွေရှေ့မှာ ကွာတားဖိုင်နယ်တက်နိုင်အောင် လုပ်ဆောင်သွားမှာပါ။
၁ မိနစ်ကျော်ကျော်လေးမှာ ကျွန်တော်အဝါကတ်ထိခဲ့တာက တော်တော်ဆိုးပါတယ်။ ကျွန်တော့်လိုဖျက်ထုတ်မှုတွေ အများကြီးလုပ်တတ်တဲ့ကစားသမားအတွက် ခက်ခဲခဲ့ပါတယ်။ ခင်ဗျားအနေနဲ့ ဦးနှောက်နဲ့ အတွေ့အကြုံကို သုံးပြီး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော် အဲ့လိုလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။