The network connection is lost.

Banner Image

Multi-club ownership စည်းမျဉ်းချိုးဖောက်မှုကြောင့် ကွန်ဖရန့်လိဂ်ကို ဆင်းကန်ရတော့မယ့် ခရစ္စတယ်ပဲလေ့စ်

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ multi-club ownership စည်းမျဉ်းချိုးဖောက်မှုနဲ့ပတ်သက်ပြီး UEFA ရဲ့ ဆုံးဖြတ်ချက်ကြောင့် ယူရိုပါလိဂ်ကနေ ကွန်ဖရန့်လိဂ်ကို ဆင်းကန်ရတော့မှာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ခရစ္စတယ်ပဲလေ့စ် နဲ့ ပြင်သစ်ကလပ် လိုင်ယွန်အသင်းမှာ ရှယ်ယာတွေပိုင်ဆိုင်တဲ့ စီးပွားရေးသမား ဂျွန်တက်စ်တာဟာ ပိုင်ဆိုင်မှုထိန်းချုပ်မှုနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက အက်ဖ်​အေဖလားရရှိခဲ့တာကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ယူရိုပါလိဂ်ဝင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။  ဒါပေမဲ့ လိုင်ယွန်အသင်းဟာ ငွေကြေးဆိုင်ရာ ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အယူခံဝင်ခဲ့ရာမှာ အောင်မြင်ခဲ့တာကြောင့် ယူရိုပါလိဂ်ဝင်ခွင် နေရာကို ပဲလေ့စ်အစား ယူသွားမှာဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းအနေနဲ့ UEFA ရဲ့ ဆုံးဖြတ်ချက်ကို အားကစားဆိုင်ရာခုံရုံး(CAS) မှာ အယူခံဝင်သွားဖို့ စီစဉ်ထားပါတယ်။ 

ဒီရာသီဟာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် သမိုင်းဝင်ရာသီဖြစ်လာမှာဖြစ်ပြီး ယူရိုပါလိဂ်ပဲဖြစ်ဖြစ်၊ ကွန်ဖရန့်လိဂ်ပဲဖြစ်ဖြစ် ဥရောပပြိုင်ပွဲမှာ ပထမဆုံးအကြိမ်ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။