The network connection is lost.

Banner Image

လိုင်ယွန်ကွင်းလယ်လူ တိုလစ်ဆိုကို ပရီးမီးယားလိဂ်အသင်း သုံးသင်းက စောင့်ကြည့်နေ

လိုင်ယွန်အသင်းရဲ့ ကွင်းလယ်လူ ကိုရန်တင် တိုလစ်ဆိုကို ပရီးမီးယားလိဂ်ကလပ်တွေက စိတ်ဝင်စားနေကြပါတယ်။

အင်္ဂလန်ကလပ် သုံးသင်းဟာ အခုလာမယ့် နွေရာသီမှာ အဆိုပါ ပြင်သစ်ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Sports Boom က ဖော်ပြထားပြီး ဝါရင့်ကွင်းလယ်လူ တိုလစ်ဆိုကို နယူးကာဆယ်၊ အက်စတွန်ဗီလာနဲ့ စပါးအသင်းတို့က စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

 အဆိုပါ အသင်း သုံးသင်းလုံးက လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက် မတိုင်ခင်မှာ တိုလစ်ဆိုကို သူတို့ရဲ့ ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားပေမဲ့ စိတ်ဝင်စားမှုတွေက တကယ်တမ်း လက်တွေ့ဖြစ်လာမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

တိုလစ်ဆိုနဲ့ လိုင်ယွန်အသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၇ နွေရာသီအထိ ကျန်ရှိနေတာလည်း ဖြစ်ပါတယ်။