The network connection is lost.

Banner Image

တူချယ်ရဲ့နေရာမှာ ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ ချိတ်ဆက်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်အသင်းဟာ ရာသီမကုန်ခင် သောမက်စ်တူချယ်နဲ့ လမ်းခွဲခဲ့မယ်ဆိုရင် ယူနိုက်တက်နည်းပြဟောင်း ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ ချိတ်ဆက်နေကြောင်း သိရပါတယ်။ တူချယ်ဟာ ဘိုင်ယန်မြူးနစ်အသင်း လေဗာကူဆင်၊ လာဇီယိုနဲ့ ဘိုချမ်တို့ကို ရှုံးခဲ့ပြီးနောက် ဖိအားတွေအများအပြားနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။

လာဇီယိုကို ရှုံးနိမ့်ခြင်းဟာ ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာ ပြန်လာနိုင်ဖို့ ဖြစ်နိုင်္ငသေးပေမယ့် ဘွန်ဒက်စ်လီဂါ၂ပွဲဆက် ရှုံးတာကတော့ ပေးဆပ်မှုကြီးမားခဲ့ပါတယ်။ Sky Germanyရဲ့အဆိုအရ ဘိုင်ယန်မြူးနစ်ဟာ တူချယ်ကို ရာသီကုန်အထိ ဆက်ထားလိုနေပေမယ့် အခြေအနေတွေပိုဆိုးလာရင် ဘာလုပ်မယ်ဆိုတာက စဉ်းစားလျက်ရှိနေပါတယ်။

ဘိုင်ယန်တာဝန်ရှိသူတွေဟာ တူချယ်တစ်ယောက် အသင်းရဲ့အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်နိုင်ဖို့ မျှော်လင့်နေပေမယ့် ရှုံးပွဲတွေဆက်တိုက် ထပ်ကြုံလာမယ်ဆိုရင်တော့ နည်းပြထိုင်ခုံမြဲမယ်လို့ မထင်တော့ပါဘူး။ တကယ်လို့ တူချယ်ကိုသာ ရာသီမကုန်ခင် ထုတ်ပယ်မယ်ဆိုရင် ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

ဒါပေမယ့် ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ စဉ်းစားထားခြင်းမရှိဘဲ တူချယ်နေရာမှာ ဇီဒန်းကိုသာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်လိုနေပါတယ်။ ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်ကို ၂၀၁၆ခုနှစ်ကနေ ၂၀၁၈၊ ၂၀၁၉ခုနှစ်ကနေ ၂၀၂၁အထိ ၂ကြိမ်တိုင် ကိုင်တွယ်ခဲ့ပါတယ်။

တူချယ်ကတော့ လာမယ့်စနေည လိုက်ပ်ဇစ်နဲ့ပွဲစဉ်မှာ ပေါက်ကွဲပြပြီး အကောင်းဆုံးပြန်လာနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။