The network connection is lost.

Banner Image

ဂျီရိုနာနဲ့ရီးရဲလ်တို့ရဲ့ပွဲကို ဟိုက်လိုက်သာကြည့်ခဲ့ကြောင်း ပြောကြားလာတဲ့ ဟန်ဆီဖလစ်

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က သူ့ရဲ့အသင်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ လာလီဂါထိပ်ဆုံးနေရာအတွက် ယှဉ်ပြိုင်နေကြပေမယ့် တနင်္လာနေ့နံနက်က ရီးရဲလ်နဲ့ ဂျီရိုနာတို့သရေကျခဲ့တဲ့ပွဲစဉ်ကိုတော့ ဟိုက်လိုက်သာကြည့်ရှုခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

ဂျီရိုနာနဲ့ပွဲစဉ်မှာ ရီးရဲလ်အနေနဲ့ သေချာပေါက်အနိုင်ရမယ်လို့ ယူဆခဲ့ကြပေမယ့် ၁-၁ ဆိုတဲ့သရေရလဒ်သာရရှိခဲ့ပြီး လာလီဂါ ၃ ပွဲဆက်တိုက်အမှတ်လျော့ခဲ့တာကြောင့် အလွန်ဆိုရဲ့အသင်းဟာ ဖိအားတွေနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးကနေ ဖယ်ပေးလိုက်ရပြီလည်းဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာဟာ ယခုအခါမှာ အမှတ်ပေးဇယားကို ထိပ်ဆုံးကနေပြန်လည်ဦးဆောင်နေပြီဖြစ်ပေမယ့် ဟန်ဆီဖလစ်ကတော့ သူ့အနေနဲ့ ပြိုင်ဘက်အသင်းအပေါ်မှာ စိတ်ဝင်စားမှုမရှိတာကြောင့် ဟိုက်လိုက်သာကြည့်ရှုခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့တာဖြစ်ပါတယ်။ 

ဘာစီလိုနာနည်းပြချုပ်က "ကျွန်တော် အဲဒီနေ့က ရီးရဲလ်မက်ဒရစ်ရဲ့ပွဲကိုမကြည့်ခဲ့ပါဘူး။ ကျွန်တော့်ဆီကို မက်ဆေ့တွေဆက်တိုက်ဝင်လာတော့ တစ်ခုခုဖြစ်သွားတယ်ဆိုတာတော့ သိလိုက်ပါတယ်။ နောက်မှပဲ ကျွန်တော်ဟိုက်လိုက်ပြန်ကြည့်ခဲ့ပါတယ်။ ကျွန်တော်က ကျွန်တော့်ရဲ့ဘာစီလိုနာအသင်းနဲ့ နောက်လာမယ့်ပွဲစဉ်အပေါ်မှာပဲ အပြည့်အဝအာရုံစိုက်ထားပါတယ်။ တခြားဟာတွေကိုအာရုံစိုက်ဖို့ အချိန်မပေးနိုင်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။

လာမယ့်လာလီဂါပွဲစဉ်မှာတော့ ဘာစီလိုနာဟာ လိဂ်ရဲ့ ခက်ခဲတဲ့အစဉ်အလာပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်ကို အိမ်ကွင်း နူးကမ့်မှာဧည့်ခံကစားသွားရမှာဖြစ်တာကြောင့် နိုင်ပွဲဆက်လက်ဖော်ဆောင်ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။