The network connection is lost.

Banner Image

ဂန္ထဝင်တွေနဲ့ကန်ခဲ့ရလို့ အိပ်မက်တွေအမှန်တကယ်ဖြစ်လာကြောင်း ပေါ့ဂ်ဘာ ပြောကြား

၁၉၉၈ ကမ္ဘာ့ဖလားဆုရှင်တွေဖြစ်တဲ့ ဇီဒန်းအပါအဝင် ဂန္ထဝင်တွေနဲ့ကန်ခဲ့ရလို့ ပြင်သစ်သားဟောင်း ပေါ့ဂ်ဘာက သူ့အိပ်မက်တွေအမှန်တကယ်ဖြစ်လာကြောင်း ပြောကြားလိုက်ပါတယ်။ ပေါ့ဂ်ဘာဟာ ၂၀၁၈ တုန်းက ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားရယူနိုင်ခဲ့ပေမယ့် အဲ့ကတည်းက ယူနိုက်တက်မှာ ခက်ခဲရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

အသက် ၃၂ နှစ်သားဟာ ၂၀၂၃ တုန်းက ဆေးသုံးခဲ့တဲ့ဆိုတဲ့စွပ်စွဲချက်ကြောင့် ၄ နှစ်ပွဲပယ်ခံခဲ့ရပေမယ့် နောက်ပိုင်းမှာ အယူခံဝင်တာကြောင့် ၁၈ လအထိ လျော့ချပေးခဲ့ရပါတယ်။ ပွဲပယ်ကနေလွတ်မြောက်ခဲ့ပြီးနောက် ပေါ့ဂ်ဘာတစ်ယောက် သူ့မျက်နှာမှာ အပြုံးတွေပြန်လည်ဝေဆာလာခဲ့ပါတယ်။ ကလပ်အသင်းသစ်ရှာဖွေဖို့ရုန်းကန်ခဲ့ရပြီးနောက် အခုချိန်မှာတော့ ပေါ့ဂ်ဘာတစ်ယောက် မိုနာကိုအသင်းထံပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။

လေ့ကျင့်ခန်းအစီအစဉ် နဲ့ GYM တွေကနေ အနားယူနေရတဲ့ ပေါ့ဂ်ဘာဟာ Adidas ရဲ့အထူးစပယ်ရှယ်ပွဲတစ်ခုမှာ ဂန္ထဝင်ဟောင်းတွေဖြစ်တဲ့ ဇီဒန်း ၊ ဘားသက်ဇ် ၊ ပီတစ် ၊ သူရမ်တို့နဲ့အတူတူ တွဲခဲ့ရတာဖြစ်ပါတယ်။ ပေါ့ဂ်ဘာကတော့ သူ့ရဲ့အိပ်မက်တွေအမှန်တကယ်ဖြစ်လာတယ်လို့ ပြောကြားခဲ့သလို မိုနာကိုအသင်းကလည်း အကောင်းဆုံးပေါ့ဂ်ဘာကို ပြန်လည်ခေါ်ဆောင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။