The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီဂန္ထဝင် စီရော်နယ်ဒိုကို ချီးကျူးဂုဏ်ပြုလိုက်တဲ့ ဇီဒန်း

ဇီဒန်းအတွက် အသက် ၄၁ နှစ်အရွယ် စီရော်နယ်ဒိုသာ မရှိခဲ့ဘူးဆိုရင် အခုလိုအောင်မြင်မှုတွေ ရရှိဖို့ဆိုတာ မသေချာတော့ပါဘူး။ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ရီးရဲလ်မက်ဒရစ်ကို တာဝန်ယူချိန်အတွင်း ဒီပြင်သစ်လူမျိုးနည်းပြရဲ့ ညာလက်ရုံးဖြစ်ခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူးက ဇီဒန်းရဲ့ကြီးကျယ်ခမ်းနားလှတဲ့ နည်းပြဘ၀အောင်မြင်မှုတွေရဲ့ နောက်ကွယ်အဓိကအကြောင်းအရင်းတွေအနက် တစ်ခုအဖြစ် ပါဝင်နေပါတယ်။

ဒီကာလအတွင်း ပြင်သစ်လူမျိုးနည်းပြလက်အောက် ၁၁၄ ပွဲကစားရာမှာ ၁၁၂ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၂၇ ကြိမ် ပြုလုပ်ခဲ့တဲ့ စီရော်နယ်ဒိုက ဇီဒန်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလား သုံးကြိမ်ဆက်၊ လာလီဂါချန်ပီယံဆု နှစ်ကြိမ်အပါအဝင် အနည်းဆုံးဆုဖလား ၁၁ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အခုတော့ ပေါ်တူဂီကြယ်ပွင့်က ကစားသမားဘဝနေဝင်ချိန်ဆီ ချဉ်းကပ်လာနေသလို ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့လည်း အခုစက်တင်ဘာလအတွင်း ဆက်ဆံရေးပြီးဆုံးသွားပြီလို့ ယူဆနိုင်ပါတယ်။ ဒါကြောင့် ဇီဒန်းက သူ့ကို နည်းပြတစ်ဦးအဖြစ် ပုံဖော်ပေးနိုင်ခဲ့တဲ့ ကစားသမားတွေအနက် တစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုကို အလေးအနက် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

"စီရော်နယ်ဒိုရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ကစားသမားဘဝကို ကျွန်တော်တို့ တကယ်ပဲ ချီးကျူးဂုဏ်ပြုရပါမယ်။ ကျွန်တော်နဲ့အတူ သူရှိခဲ့လို့ ကျွန်တော် ကံကောင်းခဲ့ပါတယ်။ သူက ကျွန်တော့်ကို ဆုဖလားတွေ အများကြီး ရရှိအောင် ကူညီပေးခဲ့ပါတယ်" လို့ တနင်္လာနေ့၊ ဘယ်လ်ဂျီယံနဲ့ကစားရမယ့် ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြင်သစ် နည်းပြက ပြောကြားခဲ့ပါတယ်။ "စီရော်နယ်ဒိုကို လေးစားဂုဏ်ပြုပါတယ်။ ကျွန်တော်တို့နဲ့အတူ အချိန်တွေဖြတ်သန်းခဲ့ဖူးသူတွေအတွက် ကျွန်တော့်မှာ လေးစားမှုကြီးကြီးမားမား အမြဲတမ်းရှိပါတယ်" လို့ ဆိုပါတယ်။