The network connection is lost.

Banner Image

ဘရိုက်တန်ကို အဝေးကွင်းမှာ ထပ်ရှုံးနိမ့်ခဲ့လို့ ဥရောပပြိုင်ပွဲဝင်ခွင့်ပါ စိုးရိမ်လာရတဲ့ ချဲလ်ဆီး

ဘရိုက်တန် ၃-၀ ချဲလ်ဆီး (ပွဲပြီးရလဒ်)

ဒီနေ့၊ AMEX ကွင်းပွဲစဉ်မှာ ဘရိုက်တန်က ချဲလ်ဆီးကို သက်သောင့်သက်သာအနိုင်ယူပြီး အမှတ်ပေးဇယားအဆင့်-၆ နေရာအထိ တက်လှမ်းလာခဲ့ပါတယ်။ ဘရိုက်တန်အတွက် အိမ်ကွင်းမှာ ပုံစံကောင်းပြသနိုင်ခဲ့ပေမဲ့ တဖက်မှာတော့ ချဲလ်ဆီးအသင်းရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေလည်း ပိုပြီးနက်ရှိုင်းလာခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာ အိမ်ရှင်တွေအတွက်အနိုင်ဂိုးတွေကို ပထမပိုင်းပွဲချိန်မိနစ်အစောပိုင်းမှာပဲ ကာဒီယိုဂလူ၊ ဒုတိယပိုင်းပွဲချိန်အတွင်းမှာ ဟင်ရှဲလ်ဝုဒ်နဲ့ လူစားဝင်တိုက်စစ်မှူးဝဲလ်ဘတ်တို့က သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ချဲလ်ဆီးက ၁၉၁၂ ခုနှစ်နောက်ပိုင်း၊ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်နောက်ဆုံးငါးပွဲဆက်ဂိုးမသွင်းယူနိုင်ဘဲ ရှုံးနိမ့်ခဲ့တဲ့မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။