မိုဆာလက်ရဲ့နေရာကို အစားထိုးဖို့ လီဗာပူးရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး အန်းစလော့ ပွင့်ပွင့်လင်းလင်း ပြောကြား
အသင်းမှထွက်ခွာတော့မယ့် ဂန္ထဝင်ကစားသမားမိုဆာလက်ရဲ့နေရာအတွက် အလားတူအရည်အသွေးမျိုးရှိမယ့်ကစားသမားတစ်ဦးကို ခေါ်ယူအစားထိုးနိုင်ဖို့ လီဗာပူးနည်းပြအန်းစလော့ မမျှော်လင့်ထားပါဘူး။
လီဗာပူးရဲ့ကစားသမားအပြောင်းအရွှေ့မူဝါဒအရ မိုဆာလက်ရဲ့နေရာကို ဆက်ခံဖို့အတွက် နာမည်ကျော်ကြယ်ပွင့်ကစားသမားတစ်ဦးကို အဆင်သင့် ခေါ်ယူမှုမျိုး မရှိလာနိုင်ဘူးလို့ အန်းစလော့က ဝန်ခံခဲ့ပါတယ်။
"ကျွန်တော်တို့ရဲ့မိုဒယ်လ်က လုံးဝရှင်းလင်းပါတယ်။ ဒါပေမဲ့ ချွင်းချက်အနေနဲ့ ကစားသမားခေါ်ယူတာမျိုးလည်း ရှိလာနိုင်ပါတယ်။ အသင်းက အန်ဒိုကို ခေါ်ယူခဲ့တာမျိုး၊ နောက်ပြီး ချီယေဆာဆိုရင်လည်း ကျွန်တော်တို့ ပုံမှန်ခေါ်ယူလေ့ရှိတဲ့ အသက်အရွယ်ထက် နည်းနည်းပိုကြီးပေမဲ့ ခေါ်ယူခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်" လို့ သူက ဆိုပါတယ်။
"အသင်းက အခုလိုမျိုး အောင်မြင်မှုတွေ ရရှိနေလို့ ရလဒ်သိပ်မကောင်းတဲ့ ရာသီတစ်ခုကြောင့်နဲ့တော့ ကျွန်တော်တို့ရဲ့မူဝါဒတစ်ခုလုံးကို လုံးဝပြောင်းလဲပစ်မှာမဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်"
"အထူးသဖြင့် အသင်းပိုင်ရှင်တွေ ဒီမှာရှိနေခဲ့တဲ့ ၁၆ နှစ်တာကာလအတွင်း သူတို့က လိဂ်ဖလားကို ၁၆ ကြိမ်လုံး မရခဲ့ပါဘူး"
"မျှော်လင့်ထားသလို ရလဒ်မထွက်ခဲ့တဲ့ ရာသီတွေ အများကြီးရှိခဲ့ပေမဲ့ သူတို့ကတော့ သူတို့ရဲ့မူဝါဒကိုပဲ အမြဲတမ်းဆက်လက်ကျင့်သုံးခဲ့ပါတယ်။ ဒါက ကျွန်တော်ရော၊ အားကစားဒါရိုက်တာရစ်ချတ်ဟုချ်ပါ သဘောတူလက်ခံထားတဲ့ မူဝါဒဖြစ်ပြီး ကျွန်တော်တို့အားလုံးလည်း ဒီလမ်းစဉ်အတိုင်းပဲ သွားနေကြပါတယ်" လို့ အန်းစလော့က ပြောကြားခဲ့ပါတယ်။