The network connection is lost.

Banner Image

သောမတ်စ်ဖရန့်ခ်၊ တူဒေါထက် ပိုတော်နေတဲ့သူ မဟုတ်ပါဘူးလို့ ဆိုလိုက်တဲ့ တော့တင်ဟမ်နည်းပြသစ်ဒီဇာဘီ

ရောဘတ်တိုဒီဇာဘီက အခုလို ရာသီဝက်ကာလမှာ တော့တင်ဟမ်အသင်းရဲ့ နည်းပြရာထူးကို ဘာကြောင့် လက်ခံခဲ့တာလဲဆိုတာ ရှင်းပြခဲ့ပါတယ်။

မနေ့ညပို်ငး၊ ဝက်စ်ဟမ်းရဲ့နိုင်ပွဲကြောင့် တော့တင်ဟမ်အသင်း တန်းဆင်းဇုန်ဆီ ကျရောက်သွားပြီး ဒီဇာဘီရဲ့မြောက်လန်ဒန်ကလပ်အသင်းနည်းပြဘ၀ကိုတော့ လာမယ့်တနင်္ဂနွေနေ့၊ ဆန်းဒါးလန်းနဲ့ရင်ဆိုင်ရချိန်မှာ စတင်သွားပါလိမ့်မယ်။

အီတလီလူမျိုးနည်းပြက "ဒီကို ရောက်လာရတာကို ဂုဏ်ယူသလို ဝမ်းလည်း သာပါတယ်။ ဒီကစားသမားတွေရဲ့ အရည်အသွေးကို ကျွန်တော် ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်က ကျွန်တော့်ရဲ့အသင်းဟောင်းတွေဆီ ဒီကစားသမား အတော်များများကို ခေါ်ယူဖို့ တော်တော်လေး နီးစပ်ခဲ့ဖူးလို့ပါပဲ။ သောမတ်စ်ဖရန့် ဒါမှမဟုတ် အီဂေါတူဒေါတို့ထက် ကျွန်တော် ပိုတော်တယ်လို့ မထင်ပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့ကို တော်တဲ့နည်းပြတွေလို့ ကျွန်တော် သတ်မှတ်ထားလို့ပါ။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်အောင်မြင်ဖို့အတွက် ကျွန်တော့်ရဲ့ စတိုင်လ်၊ ပင်ကိုယ်စရိုက်နဲ့ အစွမ်းအစတွေကို အသုံးချသွားမှာဖြစ်ပြီး ဒါက အခုအချိန်မှာ အရေးကြီးဆုံးအပိုင်းပါပဲ" လို့ ပြောကြားခဲ့ပါတယ်။

ရာထူးလက်ခံဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီးတော့လည်း ဒီဇာဘီက "ကျွန်တော့်အတွက်တော့ ဒါဟာ အခွင့်အရေးကောင်းတစ်ခုပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ တော့တင်ဟမ်က ပရီးမီးယားလိဂ်မှာ အရမ်းအရေးပါတဲ့ ကလပ်တစ်ခုဖြစ်သလို ပရီးမီးယားလိဂ်ကလည်း ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်နေလို့ပါ။ ကျွန်တော့်ရဲ့ ဝန်ထမ်းတွေနဲ့ ကစားသမားတွေကို ပေးချင်တဲ့ သတင်းစကားကတော့ ပရိသတ်တွေက ကျွန်တော်တို့လိုပဲ စိတ်ဆင်းရဲနေကြတာဖြစ်လို့ သူတို့ရဲ့ အားပေးမှုကို ထိုက်တန်အောင် ကျွန်တော်တို့ ကြိုးစားရပါမယ်။ ကစားသမားတွေက အသင်းပြောင်းသွားနိုင်ပေမဲ့ ပရိသတ်တွေအတွက်တော့ သူတို့ရဲ့အသင်းဟာ တစ်ခုတည်းရှိတာပါ။ ကွင်းထဲမှာ မှန်ကန်တဲ့စိတ်ဓာတ်၊ အပြုအမူတွေနဲ့ သူတို့ကို ပျော်ရွှင်အောင် လုပ်ပေးရပါမယ်။ ဒါဆိုရင် အမှတ်တွေ ရယူဖို့ဆိုတာ ပိုပြီး လွယ်ကူလာပါလိမ့်မယ်" လို့ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။