The network connection is lost.

Banner Image

ပါရီမြေမှာ လီဗာပူးကို သက်သောင့်သက်သာအနိုင်ယူခဲ့တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီ ၂-၀ လီဗာပူး (ပွဲပြီးရလဒ်)

ပါရီမြေမှာကစားခဲ့တဲ့အခုပွဲစဉ်အတွင်း အိမ်ရှင်ပီအက်စ်ဂျီက ဧည့်သည်လီဗာပူးကို အားလုံးခန့်မှန်းထားကြတဲ့အတိုင်း အဖက်ဖက်မှအသာစီးရယူကာ သက်သောင့်သက်သာဖြင့် အနိုင်ယူသွားခဲ့ပါတယ်။ အိမ်ရှင်တွေအတွက် အနိုင်ဂိုးတွေကို ပွဲချိန်အစောပိုင်းမှာ ဒူအီ၊ ဒုတိယပိုင်းပွဲချိန်အတွင်းမှာ ခဗာရက်စ်ခီလီယာတို့က သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ချန်ပီယံလိဂ်လက်ရှိချန်ပီယံတွေရဲ့သရဖူကာကွယ်ရေးခရီးစဉ် အလားအလာကောင်းတွေပိုင်ဆိုင်ခဲ့သလို တဖက်မှာလည်း ရလဒ်တွေဆက်တိုက်ဆိုးရွားနေတဲ့ အန်းစလော့ရဲ့အသင်းအတွက် ဖိအားတွေ များပြားလာခဲ့ပါတယ်။