တစ်ယောက်လျော့ဘာစီလိုနာကို ဂိုးပြတ်အနိုင်ယူကာ ဆီမီးတက်ဖို့ အခြေအနေကောင်းသွားတဲ့ အက်သလက်တီကို
ဘာစီလိုနာ ၀ - ၂ အက်သလက်တီကို (ပွဲပြီးရလဒ်)
ဘာစီလိုနာအသင်းဟာ ပွဲစကတည်းက ခြေစွမ်းအသာစီးနဲ့ကစားနိုင်ခဲ့ပေမဲ့ ကူဘာဆီ တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံရတဲ့အတွက် ထိုးနှက်ချက်ကြီးမားခဲ့ပြီး အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့ပါတယ်။
အက်သလက်တီကိုကတော့ ထုံးစံအတိုင်း ခံစစ်ပိတ်ကစားရင်း တန်ပြန်တိုက်စစ်ကနေ အနီကတ်ရော ဖရီးကစ်သွင်းဂိုးပါရခဲ့သလို ဒုတိယပိုင်းမှာလည်း တန်ပြန်တိုက်စစ်ကနေ ဂိုးထပ်သွင်းနိုင်ခဲ့တာကြောင့် အိမ်ကွင်းပွဲစဉ်မတိုင်ခင် ဆီမီးဖိုင်နယ်တက်ဖို့ အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်သွားခဲ့ပါတယ်။