The network connection is lost.

Banner Image

လီဗာပူးလ်ကစားသမားတွေအပေါ် ပရိသတ်တွေရဲ့လှောင်ပြောင်မှုကို နားလည်ပေးနိုင်တယ်လို့ အဲလ်ဒရစ်ချ်ပြောကြား

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ တော့တင်ဟမ်နဲ့သရေကျခဲ့တဲ့ပွဲစဉ်အပြီး အန်ဖီးလ်ကွင်းအတွင်းရှိ ပရိသတ်တွေရဲ့လှောင်ပြောင်သံနဲ့ပတ်သက်လို့ နားလည်ပေးနိုင်ပါတယ်လို့ လီဗာပူးဂန္တဝင်ကစားသမားဂျွန်အဲလ်ဒရစ်ချ်က ၀န်ခံပြောကြားခဲ့ပါတယ်။

တစ်ဖက်တစ်ဂိုးစီသရေရလဒ်ကြောင့် လက်ရှိပရီးမီးယားလိဂ်ချန်ပီယံတွေက အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းစာရင်း(Top 4) ပြင်ပမှာပဲ ဆက်ရှိနေပါတယ်။

စိတ်ပျက်နေတဲ့ အယ်လ်ဒရစ်ခ်ျက Liverpool Echo သတင်းစာမှာ အခုလိုပဲ ရေးသားခဲ့ပါတယ်။ "ဒီရာသီမှာ လီဗာပူးလ်အသင်း ဘယ်လောက်အထိ ကျဆင်းသွားသလဲဆိုတာ သိချင်ရင် ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ကြည့်လိုက်ရုံနဲ့ သိနိုင်ပါတယ်။

လွန်ခဲ့တဲ့ ၁၂ လလောက်၊ အန်ဖီးလ်မှာ ဒီနှစ်သင်းတွေ့ဆုံချိန် ကျွန်တော်တို့က သူတို့ကို အပြတ်အသတ်အနိုင်ယူပြီး ပရီးမီးယားလိဂ်ဖလားကို ထိုက်ထိုက်တန်တန် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုသီတင်းပတ်မှာတော့ အန်းစလော့ရဲ့အသင်းက ဒဏ်ရာနဲ့ပွဲပယ်ပြစ်ဒဏ်တွေကြောင့် အရန်အင်အားလောက်နဲ့ပဲ လာကစားတဲ့ တော့တင်ဟမ်ကိုတောင် အနိုင်မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ဧပြီလအတွင်း တော့တင်ဟမ်ကိုအနိုင်ရရှိပြီးနောက် လီဗာပူးက ပြိုင်ပွဲစုံ ၁၅ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါက လုံး၀မကောင်းတဲ့ အခြေအနေမျိုးပါ။ ဒါဟာ လုံးဝကို မကောင်းတဲ့ အခြေအနေပါ။

တနင်္ဂနွေနေ့၊ ပွဲပြီးချိန်မှာ ထွက်ပေါ်လာတဲ့ လှောင်ပြောင်သံတွေနဲ့ ပတ်သက်ပြီး ပြောစရာတွေ အများကြီး ဖြစ်နေပါတယ်။ လီဗာပူးလ်အသင်းကို ကျွန်တော်အားပေးလာတာ နှစ် ၅၀ ကျော်ပြီဖြစ်ပေမဲ့ ပွဲပြီးချိန်မှာ ကစားသမားတွေအပေါ်လှောင်ပြောင်တာမျိုးကိုတော့ အမြဲတမ်းမနှစ်မြို့ခဲ့ပါဘူး။

ဒါပေမဲ့ ဒါကို နားလည်ပေးလို့ရပါတယ်။ ဒါက အခုရာသီတလျှောက်လုံး၊ အန်ဖီးလ်ကွင်းထဲမှာ အိမ်ကွင်းပရိသတ်တွေ သည်းခံခဲ့ရသမျှ စုပြုံပြီးပေါက်ကွဲထွက်လာတာပါ။ အသင်းနဲ့ပတ်သက်သူတိုင်းအတွက်လည်း ပျော်စရာကောင်းတဲ့ အခိုက်အတန့်တွေ သိပ်မရှိခဲ့ပါဘူး" လို့ ရေးသားခဲ့ပါတယ်။