The network connection is lost.

Banner Image

လီဗာပူးနည်းပြဟောင်းကလော့ပ်ကို ခေါ်ယူဖို့ အက်သလက်တီကိုမက်ဒရစ် ကြိုးပမ်းနေ

အက်သလက်တီကိုမက်ဒရစ်အသင်းက လီဗာပူးနည်းပြဟောင်းယာဂန်ကလော့ပ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

El Chiringuito သတင်းဌာနရဲ့ ဖော်ပြချက်အရ အက်သလက်တီကိုမက်ဒရစ်နဲ့ Red Bull ရဲ့ ကမ္ဘာလုံးဆိုင်ရာဘောလုံးအကြီးအကဲတို့အကြား ဆွေးနွေးမှုတွေ အခြေအနေကောင်းလာနေပြီလို့ သိရပါတယ်။

ဒီကမ်းလှမ်းမှုကို အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ရှယ်ယာအများစုပိုင်ဆိုင်ထားတဲ့ Apollo ကုမ္ပဏီက ဦးဆောင်ကိုင်တွယ်နေပြီး Apollo ရဲ့ အမှုဆောင်အရာရှိချုပ် Mark Rowan ကိုယ်တိုင် ဒီကိစ္စကို တာဝန်ယူဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ Apollo က လက်ရှိနည်းပြဒီယေဂိုဆီမြွန်နီရဲ့နေရာမှာ ကလော့ပ်နဲ့အစားထိုးပြီး နည်းပြအဖွဲ့ကို အသစ်အဆန်းဖြစ်အောင် ပြောင်းလဲချင်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေပြန်ပါတယ်။

ကလော့ပ်က ရီးရဲလ်မက်ဒရစ်အသင်းနဲ့လည်း သတင်းတွေထွက်ပေါ်နေပေမဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းကို နည်းပြအဖြစ်တာဝန်ယူဖို့ ဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး အကောင်းမြင်စကားတွေ ပြောဆိုခဲ့ဖူးပါတယ်။

"အက်သလက်တီကိုရဲ့ပုံစံကို ကျွန်တော် သဘောကျပါတယ်။ ဂျာမနီမှာ ကျွန်တော်က ဘိုင်ယန်မြူးနစ်ဆီ မသွားဘဲ ဒေါ့မွန်ဆီ သွားခဲ့သလို ပရီးမီးယားလိဂ်မှာလည်း မန်စီးတီးဆီ မသွားဘဲ လီဗာပူးကိုပဲ ရွေးချယ်ခဲ့ပါတယ်။ အက်သလက်တီကိုရဲ့ပုံစံကို ကျွန်တော် သဘောကျပါတယ်" လို့ ကလော့ပ်က လတ်တလောမှာ ပြောကြားခဲ့ပါတယ်။