The network connection is lost.

Banner Image

အန်ဖီးလ်မှာ အဖိုးတန်နိုင်ပွဲရယူခဲ့တဲ့ လီဗာပူး

လီဗာပူး ၁-၀ ရီးရဲလ်မက်ဒရစ် (ပွဲပြီးရလဒ်)

အန်ဖီးလ်ကွင်းမှာကစားခဲ့တဲ့ ဥရောပထိပ်သီးအသင်းနှစ်ခုရဲ့ပွဲစဉ်မှာတော့ အိမ်ရှင်လီဗာပူးက ဧည့်သည်ရီးရဲလ်မက်ဒရစ်ကို အသာစီးရယူကစားကာ ထိုက်ထိုက်တန်တန်အနိုင်ရရှိခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဆုံးအဖြတ်ဂိုးကို ပွဲချိန်တစ်နာရီဝန်းကျင်မှာ ဆိုဘိုဆလိုင်းရဲ့ပြစ်ဒဏ်ဘောကန်တင်ပေးပို့မှုမှတဆင့် မက်အယ်လစ္စတာက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးကစားသမားတွေရဲ့ထိုးဖောက်ကန်သွင်းမှုတွေကို လက်စွမ်းပြကာကွယ်သွားတဲ့ ရီးရဲလ်မက်ဒရစ်ဂိုးသမားကော်တိုရစ်ရဲ့စွမ်းဆောင်ရည်ပိုင်းကလည်း အသိအမှတ်ပြုစရာဖြစ်ခဲ့ပါတယ်။