ဆလားဗီးယားပရာဟာကို ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံလိဂ်စံချိန်ကောင်းကို ဆက်ထိန်းထားနိုင်ခဲ့တဲ့ အာဆင်နယ်
ဆလားဗီးယားပရာဟာ ၀ - ၃ အာဆင်နယ် (ပွဲပြီးရလဒ်)
အာဆင်နယ်အသင်းက ချက်ဇ်မြေမှာ လာရောက်ကစားခဲ့ရလို့ ကစားရခက်ခဲခဲ့ပေမဲ့ လိုအပ်နေတဲ့ နိုင်ပွဲကိုရှာဖွေသွားနိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းမှာ အဓိက တိုက်စစ်ကစားသမားတွေ ဒဏ်ရာရနေတာကြောင့် အရန်ကစားသမားအချို့နဲ့ပေါင်းစပ်ကာ ပွဲထွက်ခဲ့ရပေမဲ့ တိုက်စစ်မှူးအဖြစ် ကစားခဲ့တဲ့ မီရီနိုရဲ့ အဆုံးသတ်သေချာမှုတွေကြောင့် ဂိုးပြတ်နိုင်ပွဲဖန်တီးသွားနိုင်ခဲ့ပါတယ်။
အလားတူ ပရာဟာရဲ့ပင်နယ်တီကန်ခွင့် ပယ်ဖျက်ခံရခြင်းနဲ့အတူ အာဆင်နယ်က Clean Sheet စံချိန်ကောင်းကိုလည်း ဆက်ထိန်းသွားနိုင်ခဲ့ပါတယ်။