The network connection is lost.

Banner Image

ဘုန်းမောက်နဲ့ပွဲစဉ်မှာ ဟက်ထရစ်အခွင့်အရေးနဲ့လွဲချော်ပြီးနောက် ပက်ဂွါဒီယိုလာကို သတိပေးလိုက်တဲ့ ဟာလန်း

ဘုန်းမောက်ကို ၃-၁ ဂိုးဖြင့် မန်စီးတီးတို့ အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း သူ့ကို လူစားလဲလှယ်ခြင်းဖြင့် ပက်ဂွါဒီယိုလာကိုယ်တိုင် Fantasy Football Managers အချို့ကို မပျော်မရွှင်ဖြစ်စေခဲ့တယ်လို့ ဟာလန်းက အရွှမ်းဖောက်ပြောဆိုခဲ့ပါတယ်။ ကောင်းမွန်တဲ့ဘောလုံးရာသီသစ်စတင်မှုတစ်ခု ပိုင်ဆိုင်ထားတဲ့ နော်ဝေးတိုက်စစ်မှူးက ချယ်ရီတွေနဲ့ရင်ဆိုင်ရချိန်မှာလည်း အသင်းအတွက် နှစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါပေမဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ ဟက်ထရစ်မသွင်းယူနိုင်ခင် သူ့ကိုလူစားလဲလှယ်ခြင်းအတွက် အချို့ပုဂ္ဂိုလ်တွေ ကျေနပ်ကြမယ်မထင်ဘူးလို့ အသက်-၂၅ နှစ်အရွယ်ကစားသမားက နောက်ပြောင်ခဲ့ပါတယ်။

အက်စတွန်ဗီလာကို ရှုံးနိမ့်ပြီး ရက်သတ္တပတ်အကြာ၊ ဘုန်းမောက်နဲ့ရင်ဆိုင်ရချိန် သုံးမှတ်အပြည့်ရယူနိုင်ခဲ့လို့ ဟာလန်းကိုယ်တိုင် စိတ်သက်သာရာရသွားသလို Fantasy Football ရမှတ်တွေနဲ့ပတ်သက်ပြီး ဘောလုံးပရိသတ်အချို့က သူ့ဆီမှ ပိုလိုချင်ကြလိမ့်မယ်လို့ နောက်ပြောင်ပြောဆိုခဲ့ပါတယ်။

Sky Sports နဲ့တွေ့ဆုံချိန် ဟာလန်းက “ အရေးကြီးတဲ့နိုင်ပွဲပါ။ ဆိုးရွားလှတဲ့အဝေးကွင်းရှုံးနိမ့်မှုအပြီး လမ်းကြောင်းမှန်ဆီ ပြန်လာနိုင်တာ ကောင်းပါတယ်။ ကျွန်တော်ကတော့ ကိုယ့်အလုပ်ကိုယ်လုပ်ခြင်းဖြင့် အသင်းအတွက် ပံ့ပိုးကူညီနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အနိုင်ရလဒ်ဆိုတာ ကောင်းပါတယ်။ အခုတော့ အရေးကြီးပွဲစဉ်နှစ်ခု ရောက်ရှိလာတော့မှာဖြစ်လို့ အာရုံစိုက်ထားရပါမယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ ကျွန်တော် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ အသင်းအနိုင်ရရှိအောင် ကူညီပေးဖို့ပဲ ကျွန်တော် ကြိုးစားပါတယ်။ ဒါကသာ ကျွန်တော့်ရဲ့ရည်မှန်းချက်ဖြစ်ပြီး ဂိုးသွင်းတာပဲဖြစ်ဖြစ်၊ ပြိုင်ဘက်ကို ကျော်ဖြတ်နိုင်တာပဲဖြစ်ဖြစ် သိပ်တော့ အရေးမကြီးပါဘူး။ ကျွန်တော်က အသင်းကိုပိုကောင်းအောင် ကူညီပေးချင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့အလုပ်ပါ”လို့ ပြောပါတယ်။

ဟက်ထရစ်အခွင့်အလမ်းနဲ့ လွဲချော်ခဲ့ခြင်းအပေါ် ဟာလန်းက “ Fantasy Football Managers အချို့ မပျော်ရွှင်နိုင်ဘူးဆိုတာ သေချာပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။ မန်စီးတီးက လာမယ့်ကြားရက်မှာ ဟာလန်းရဲ့အသင်းဟောင်းဒေါ့မွန်ကို ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဧည့်ခံကစားရဖို့ရှိပြီး အနိုင်ရလဒ်ဖော်ဆောင်နိုင်မယ်ဆိုရင် နောက်တစ်ဆင့်တက်ရောက်ဖို့အတွက် အခွင့်အလမ်းအတော်လေးကောင်းလာပါလိမ့်မယ်။ သူတို့တွေက လာမယ့်နိုင်ငံတကာသီတင်းပတ်မတိုင်ခင် အီတီဟတ်မှာ အန်းစလော့ရဲ့လီဗာပူးနဲ့ ရင်ဆိုင်သွားရပါမယ်။