The network connection is lost.

Banner Image

အီတီဟတ်မှာ တစ်မှတ်စီခွဲဝေယူခဲ့တဲ့ မန်စီးတီးနဲ့ ဘရိုက်တန်

မန်စီးတီး ၂-၂ ဘရိုက်တန် (ပွဲပြီးရလဒ်) 

အခုပွဲစဉ်တလျှောက်လုံး မန်စီးတီးရော၊ ဘရိုက်တန်ပါ လျှင်မြန်မှုအသားပေးကစားဟန်နဲ့အတူ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့လို့ စိတ်လှုပ်ရှားစရာပွဲကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အခုပွဲစဉ်မှာ မန်စီးတီးက ဟာလန်း(ပင်နယ်တီ)၊ အိုမာမာမွတ်ရှ်တို့ရဲ့သွင်းဂိုးတွေနဲ့ အကြိမ်ကြိမ်ဦးဆောင်နိုင်ခဲ့ပေမယ့် အက်စ်တူပီနန်၊ ဟင်ရှဲလ်ဝုဒ်တို့ရဲ့ ဘရိုက်တန်အတွက်သွင်းယူပေးတဲ့ချေပဂိုးတွေကို ခွင့်ပြုပေးခဲ့ရလို့ အိမ်ကွင်းအနိုင်သုံးမှတ်နဲ့ ဝေးကွာခဲ့ရပါတယ်။ ဒါ့အပြင် မန်စီးတီးအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရယူပေးဖို့ အားခဲထားတဲ့ ပက်ဂွါဒီယိုလာအတွက် အခုပွဲစဉ်ရလဒ်ပိုင်းက စိတ်ပျက်စရာဖြစ်လာခဲ့ပါတယ်။