
ဘောလုံးကစားပုံနဲ့ပတ်သက်လို့ အန်းစလော့နဲ့ လီဗာပူးအသင်းကို ချီးကျူးဂုဏ်ပြုလိုက်တဲ့ ဗန်ပါစီ
အာဆင်နယ်တိုက်စစ်မှူးဟောင်းဗန်ပါစီက ဘောလုံးရဲ့အန္တိမအကျဆုံးပုံစံဖြင့် ကစားနေတဲ့ လီဗာပူးအသင်းလို့ ပြောဆိုရင်း အန်းစလော့ရဲ့ကစားဟန်ကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
အင်္ဂလန်ချန်ပီယံတွေက ဘုန်းမောက်၊ နယူးကာဆယ်တို့ကို ဆက်တိုက်အနိုင်ယူကာ သူတို့ရဲ့ချန်ပီယံဆုကာကွယ်ရေးခရီးစဉ်ကို ပြီးပြည့်စုံတဲ့ပုံစံနဲ့အတူ စတင်ထားခဲ့ပါတယ်။ ဗန်ပါစီက “ ပွဲစဉ်တွေမှာ လီဗာပူးအသင်းကစားနေတဲ့ပုံစံက ဘောလုံးရဲ့အန္တိမအကျဆုံးပုံစံပဲ ဖြစ်ပါတယ်။ တိုက်စစ်ကစားတာကို ကျွန်တော်တို့အားလုံး ကြိုက်နှစ်သက်ပါတယ်။ ပရိသတ်တွေအတွက်လည်း ဆွဲဆောင်မှုရှိတဲ့ကစားဟန်ကို ချပြချင်ကြပါတယ်။ ဒါပေမဲ့ အမြဲတမ်းတော့ အဲ့ဒီလိုမျိုး မဖြစ်နိုင်ပါဘူး။
လီဗာပူးနဲ့ပတ်သက်လို့ ကျွန်တော်သဘောကျမိတဲ့အချက်က ဘောလုံးပွဲစဉ်တစ်ခုအတွက် ပြီးပြည့်စုံတဲ့ အခြေခံအုတ်မြစ်ကို ချမှတ်လိုတဲ့ သူတို့ရဲ့စိတ်ကူးစိတ်သန်းတွေကိုပဲ ဖြစ်ပါတယ်။ သူတို့အသင်း ပွဲစဉ်ကို စတင်လာတဲ့ပုံစံနဲ့ အဆုံးသတ်သွားတဲ့ပုံစံတွေပဲ ဖြစ်ပါတယ်။
ဒီရှုထောင့်အရကြည့်မယ်ဆိုရင် နယူးကာဆယ်နဲ့ပွဲစဉ်ကို မြင်တွေ့ရပါလိမ့်မယ်။ နည်းပြတစ်ဦးအတွက်ပဲဖြစ်ဖြစ်၊ ပရိသတ်တစ်ဦးအတွက်ပဲဖြစ်ဖြစ် မြင်တွေ့ချင်ကြမယ့် ပွဲစဉ်တစ်ခုဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ဘောလုံးပွဲစဉ်အဖြစ် ကျွန်တော်တို့အားလုံး မြင်တွေ့နိုင်မယ့် ပွဲစဉ်အချို့လည်း ရှိပါတယ်။
နည်းပြကောင်းတွေအများကြီးရှိပေမယ့် ၃-၀ ဂိုး၊ ၄-၀ ဂိုးဆိုတဲ့ ရလဒ်မျိုးနဲ့ မကြာခဏအနိုင်ရလေ့ရှိလို့လား? ပရီးမီးယားလိဂ်မှာ ကစားသမားတွေရဲ့အရည်အသွေးက အရမ်းမြင့်မားပါတယ်”လို့ ပြောပါတယ်။