The network connection is lost.

Banner Image

တရားရုံးကိစ္စတွေရှုပ်ထွေးနေပေမဲ့ အန်တိုနီကို ပရီးမီးယားလိဂ်လူစာရင်းမှာ ထည့်သွင်းထားတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေဖြင့် တိုက်စစ်ပိုင်းတွင် အားထားရတဲ့ အကယ်ဒမီထွက် ကစားသမား ဂရင်းဝုဒ်ရဲ့ အနာဂတ်ကို ကြောငြာမှု ပြုလုပ်အပြီး များမကြာမီမှာပဲ အေဂျက်စ်အသင်းကနေ တန်းကြေးမြင့်မားစွာ ပေးချေခေါ်ယူထားခဲ့ရတဲ့ အန်တိုနီကပါ အလားတူဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့လာရချိန် ပရီးမီးယားလိဂ်ပြိုင်ပွဲ ဝင်ရောက် ကစားမယ့် ကစားသမားစာရင်းတွင် အန်တိုနီကို ထည့်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။

အန်တိုနီနဲ့ ရည်းစားဖြစ်ခဲ့ဖူးတဲ့ ကာဗယ်လင်ရဲ့ ရှေ့နေဖြစ်သူ ဒန်နီယယ်လ်ဘီယယ်လ်စကီ က ဆာပေါ်လိုမြို့ရဲ့ မြို့တော်ရဲတပ်ဖွဲ့ကို လွန်ခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ဘရာဇီးကြယ်ပွင့်အနေဖြင့် ဟိုင်ယက်ရီဂျင်စီ ဟိုတယ်အတွင်းတွင် ရည်းစားဖြစ်သူ ကာဗယ်လင်ကို အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြောင်း တိုင်ကြားခဲ့ရာမှတစ်ဆင့် စစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအနေဖြင့် အဆိုပါ စစ်ဆေးလုပ်ဆောင်မှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာနေပြီး ဂရင်းဝုဒ်ရဲ့ ဖြစ်ရပ်တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့တဲ့ အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ အသံကိုပါ နားစွင့်နေတာ ဖြစ်ပါတယ် ဗြိတိန်နဲ့ ဘရာဇီးနိုင်ငံတို့တွင် ရဲအဖွဲ့တွေအနေဖြင့် အန်တိုနီရဲ့ ဖြစ်ရပ်အပေါ် အထူးတလည် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ကစားသမားရဲ့ ပြစ်မှုထင်ရှားခြင်း ရှိမရှိအပေါ် ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ယူနိုက်တက်အသင်းအနေဖြင့် စောင့်ဆိုင်းလက်ခံသွားရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

အန်တိုနီအနေဖြင့် ကာဗယ်လီယန်ရဲ့ အမှုကိစ္စစွဲချက်တင်ခံရအပြီးမှာ ဗြိတိန်နဲ့ ဘရာဇီးနိုင်ငံတို့မှာ အခြား အမျိုးသမီးနှစ်ဦးအပေါ်မှာပါ အဆိုပါ လုပ်ရပ်မျိုး လုပ်ဆောင်ခဲ့ဖူးတဲ့အကြောင်း ဖော်ပြခြင်းခံလာရတာ ဖြစ်ပါတယ်။


တိုက်စစ်ပိုင်း လိုအပ်ချက်မြင့်မားနေတာကြောင့် ယူနိုက်တက်အသင်းက မန်ချက်စတာမြို့တော်ရဲတပ်ဖွဲ့နဲ့ ဘရာဇီးတရားရုံးတို့ရဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခြင်းခံ နေရတဲ့ အန်တိုနီကို လူစာရင်းမှာ ထပ်မံထည့်သွင်းထားခဲ့တာဖြစ်ပြီး အဆိုပါ ၂၅ ဦးစာရင်း က ဇန်နဝါရီလမတိုင်မီအထိ ပြောင်းလဲလို့မရတာကြောင့် အန်တိုနီရဲ့ တရားရေးကိစ္စက အို့ထရက်ဖို့ဒ်အခြေစိုက်ကလပ်အတွက် များစွာအရေးပါလာတာပဲ ဖြစ်ပါတယ်။