The network connection is lost.

Banner Image

ရာသီကြိုခရီးစဉ်ကို အားသွန်ခွန်စိုက်လုပ်ဆောင်နေတဲ့ အာမိုရင်

အသင်းရဲ့အခြေအနေကိုပြောင်းလဲဖို့ ယူနိုက်တက်နည်းပြ အာမိုရင်တစ်ယောက် ရာသီကြိုခရီးစဉ်ကို အားသွန်ခွန်စိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ The Sun သတင်းဌာနရဲ့အဆိုအရ အာမိုရင်ဟာ လာမယ့်ရာသီပုံစံကောင်းရနိုင်ဖို့ ရာသီကြိုခရီးစဉ်ကို အားသွန်ခွန်စိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၁၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့သလို ယူရိုပါလိဂ်ဖိုင်နယ်မှာလည်း တော့တင်ဟမ်ကိုအရေးနိမ့်ခဲ့ပါတယ်။ အခုချိန်မှာ ပေါ်တူဂီသားက ကစားသမားကို အခုလအကုန်မှာ ကာရင်တန်လေ့ကျင့်ရေးကွင်းထံပြန်လာဖို့ တောင်းဆိုထားတယ်လို့ သိရပြီး ဇူလိုင်လအလယ်လောက်မှာ ကြံ့ခိုင်မှုပြည့်ဝစေချင်နေပါတယ်။

အာမိုရင်က ကစားသမားတွေကို ကြံ့ခိုင်မှုပြည့်ဝနေအောင် လုပ်ဆောင်ဖို့ ပြောကြားထားတယ်လို့သိရပါတယ်။ အဆိုပါအခြေအနေကြောင့် ကစားသမားတွေအနေနဲ့ အားလပ်ရက်မှာတောင် လေ့ကျင့်ခန်းဆင်းနေဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်ရာသီမှာ ဥရောပပွဲကန်ရမှာမဟုတ်ပဲ တစ်ပတ်ကို တစ်ပွဲနှုန်းသာကန်ရမှာဖြစ်ပါတယ်။ အဆိုပါရလဒ်အရ အာမိုရင် အသင်းရဲ့ကြံ့ခိုင်မှုအခြေအနေကို တိုးတက်စေချင်နေပါတယ်။

ယူနိုက်တက်ဟာ လာမယ့်ဇူလိုင်လ ၁၉ ရက်နေ့မှာ နောက်ထပ်ခြေစမ်းပွဲအဖြစ် လိဒ်ယူနိုက်တက်အသင်းနဲ့ ဆွီဒင်မြေမှာ ခြေစမ်းမှာဖြစ်ပါတယ်။