
လက်ဟောင်း ဂရီးလစ်ချ်ကို မန်စီးတီးမှာ ပြန်မြင်ချင်နေတဲ့ ဂွါဒီယိုလာ
မန်စီးတီးနည်းပြ ဂွါဒီယိုလာက မိမိတို့အနေနဲ့ ဂရီးလစ်ချ်ကို လိုအပ်နေပြီး သူ့ရဲ့မူလပုံစံကောင်းပြန်ရဖို့ မျှော်လင့်နေပါတယ်။ အသက် ၂၈ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီစီးတီးအသင်း သမိုင်းဝင်ဖလား ၃ လုံး ချန်ပီယံဖြစ်တုန်းက အဓိကနေရာကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိရာသီမှာတော့ ဂရီးလစ်ချ်တစ်ယောက် ခြေစွမ်းကျဆင်းနေပြီး ပရီးမီးယားလိဂ် ၇ ပွဲသာ ပွဲထွက်ပါဝင်ခွင့်ရရှိထားပါတယ်။ အင်္ဂလန်သားဟာ ပြီးခဲ့တဲ့နောက်ဆုံး ၃ ပွဲမှာ ပါဝင်ခွင့်မရခဲ့ပဲ စီးတီးနည်းပြက သူ့အနေနဲ့ အကောင်းဆုံးပုံစံနဲ့အတူ ပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။
“ပြီးခဲ့တဲ့ရာသီတုန်းက သူအသင်းကို အကျိုးပြုခဲ့ပါတယ်။ အဲ့တာက သူ့အပေါ်မှာပဲမူတည်ပါတယ်။ ကျွန်တော်က ဆုံးဖြတ်ချက်တွေကို မျှတအောင်ချမှတ်ရတာပါ။ ပြီးခဲ့တဲ့ရာသီတုန်းက သူအများကြီးကစားခွင့်ရခဲ့ပါတယ်။ ဒီရာသီမှာတော့ နည်းကောင်းနည်းနိုင်ပါတယ်။ အဲ့တာက တူညီတဲ့ကစားသမား၊ တူညီတဲ့နည်းပြ ၊ တူညီတဲ့နည်းလမ်းနဲ့ပဲ ကစားတာပါ။ ဘာမှမပြောင်းလဲပါဘူး။ ခင်ဗျားဘယ်လိုစွမ်းဆောင်ပြလဲပေါ်မူတည်ပြီး အဲ့တာက ကွဲပြားတာပါ။ ကျွန်တော်တို့ သူ့ကိုလိုအပ်ပါတယ်။ ကျွန်တော်နေ့အစကတည်းက အဲ့တာကို ပြောတာပါ”
“ကျွန်တော်တို့အသင်း အတွက် ထူးရှယ်အရည်အချင်းနဲ့သူ့ကိုလိုအပ်ပါတယ်။ သူ့အနေနဲ့ ပြီးခဲ့တဲ့ ၃ လတုန်းက အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ အဆင်ပြေတဲ့ဟန်ချက်ကို ကျွန်တော်အပြောင်းအလဲမလုပ်ချင်ပါဘူး။ သူတို့ဟန်ချက်ညီဖို့ မိနစ် ၂၀ လောက်ကစားခဲ့ရပြီး မိနစ် ၉၀ မှာ ထိပ်တန်းအဆင့်အနေအထား ကစားနိုင်ပါတယ်။ အသင်းက စောင့်ဆိုင်းနေမှာမဟုတ်ပါဘူူး။ အဲ့တာက အတက်အကျရှိပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်တို့ အတက်အကျတွေရှိခဲ့ပါတယ်။ အကြောင်းပြချက်တွေလည်း ရှိပါတယ်။ ခင်ဗျားအနေနဲ့ နှစ်တွေကြာလာတာနဲ့အမျှ တိုးတက်ဖို့ လိုအပ်ပါတယ်။ သူတို့က ခင်ဗျားကို တွန်းအားပေးမှာ မဟုတ်ပါဘူး။ သူတို့ကစားခွင့်နဲ့ ထိုက်တန်တယ်ဆိုတာပဲ သူတို့ကိုယ် သူတို့လုပ်ဆောင်မှာပါ”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
ဂရီးလစ်ချ်ဟာ ဒီရာသီ ၂၆ ပွဲမှာ ၃ ဂိုးသွင်း ၊ ၂ ဂိုးသာ ဖန်တီးထားနိုင်ခဲ့ပြီး ဘယ်တောင်ပံမှာ ဒိုကူက ပုံမှန်နေရာရနေပါတယ်။ ဂွါဒီယိုလာကတော့ ဂရီးလစ်ချ်ကို တောင့်တနေပြီး လက်ကျန်လတွေမှာ ပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။
စီးတီးဟာ လီဗာပူးအသင်းရဲ့နောက် ၁ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး အက်ဖ်အေဖလားပွဲအဖြစ် လူတန်တောင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။