The network connection is lost.

Banner Image

ခြေဖနောင့်ဒဏ်ရာကြောင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲလွဲချော်မယ့် မန်စီးတီးကွင်းလယ်ကစားသမား ကိုဗာဆစ်

ခြေဖနောင့်အရွတ်ဒဏ်ရာခွဲစိတ်ကုသမှုခံယူပြီးနောက် လာမယ့်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို မန်စီးတီးကွင်းလယ်ကစားသမားကိုဗာဆစ် သေချာပေါက်လွဲချော်လိမ့်မယ်လို့ ပရီးမီးယားလိဂ်ကလပ်အသင်းက တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီဒဏ်ရာကြောင့်ပဲ ခရိုအေးရှားသားက ကာလအတန်ကြာရုန်းကန်ခဲ့ရပြီး ခရစ္စတယ်ပဲလေ့စ်ကို အရေးနိမ့်ခဲ့တဲ့ မေလအက်ဖ်အေဖလားဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ပါတယ်။

မန်စီးတီးအသင်းထုတ်ပြန်ချက်တစ်ခုမှာ “ ကိုဗာဆစ်ရဲ့နွေရာသီကာလကတော့ ခွဲစိတ်မှုအပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ပဲ ကုန်ဆုံးသွားရပါမယ်။ ကလပ်အသင်းမှာရှိနေသူတိုင်းက သူ့ကို အမြန်ဆုံးသက်သာလာစေဖို့ ဆုတောင်းပေးနေပါတယ်”လို့ ဖော်ပြထားပါတယ်။

အသက်-၃၁ နှစ်အရွယ်ကစားသမားက အခုရက်ပိုင်းအတွင်း ဂျီဘရော်တာ၊ ချက်တို့နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရမယ့် ခရိုအေးရှားလက်ရွေးစင်အသင်းလူစာရင်းမှာလည်း မပါဝင်လာခဲ့ပါဘူး။ ကိုဗာဆစ်က ပြီးခဲ့တဲ့ရာသီ၊ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၄၂ ပွဲကစား၊ ခုနစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ မန်စီးတီးကတော့ ဇွန် ၁၈ ရက်၊ ဝိုင်ဒက်အေစီနဲ့ယှဉ်ပြိုင်ကစားရင်း အမေရိကန်မြေ ကလပ်ကမ္ဘာ့ဖလားခရီးစဉ်ကို စတင်သွားရပါလိမ့်မယ်။