
လီဗာပူးကို အရေးနိမ့်ပြီးနောက် လူစာရင်းအပြောင်းအလဲလုပ်ဖို့ အာတီတာကို ဝဲလ်ကော့တ် တိုက်တွန်း
အာဆင်နယ်စတားဟောင်း သီယိုဝဲလ်ကော့တ်က အာတီတာအနေနဲ့ လာမယ့်နိုင်ငံတကာရက်သတ္တပတ်အပြီး ပွဲထွက်လူစာရင်းကို အပြောင်းအလဲလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အာဆင်နယ်ဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ် ၈ ဦးအထိ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ တိုက်စစ်ပိုင်းအတွက် ယိုကရက်စ် နဲ့ မာဒူကီတို့ကိုခေါ်ယူထားခဲ့သလို ဟာဗက်ဇ်ဒဏ်ရာရခဲ့တာကြောင့် အီဇီးကိုလည်း ပဲလေ့စ်ထံကနေ ပေါင် ၆၈ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။
အာဆင်နယ်တိုက်စစ်မှာ လုံလောက်တဲ့လူအင်အားရှိနေပေမယ့်လည်း အာတီတာအနေနဲ့ လီဗာပူးကို ၁-၀ နဲ့အရေးနိမ့်ခဲ့တဲ့ပွဲကနည်းစနစ်ကြောင့် ဝေဖန်ခံနေရပါတယ်။ အဆိုပါပွဲမှာ အီဇီးကို အရန်ခုံမှာသာထားခဲ့ပြီး လူစားဝင်အဖြစ်သာ ထည့်သွင်းခဲ့ပါတယ်။ ဝဲလ်ကော့တ်က အာတီတာအနေနဲ့ အင်္ဂလန်သားကို ထည့်သွင်းခဲ့သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
“အသင်းဘက်က သူ့ကိုအများကြီးထောက်ခံထားတာပါ။ အခုဆိုသူ့မှာရွေးချယ်စရာတွေအများကြီးရှိနေပါတယ်။ ဒါပေမယ့် သူက နောက်တန်းကိုသာ ထောက်ခံခဲ့ပါတယ်။ ကျွန်တော်တို့ ပွဲအတွင်းမှာဆက်နေခဲ့သင့်တာပါ။ သေချာတာတစ်ခုက အီဇီးလိုကစားသမားမျိုးကို စောစောလေးလူစားလဲခဲ့သင့်တာပါ။ ကျွန်တော် ရက်သတ္တပတ်တော်တော်များများ ပြောဖြစ်ပါတယ်။ ဂျက်ဂရီးလစ်ချ် အဲဗာတန်ရောက်ချိန်မှာ ပထမပွဲကို အရန်ခုံမှာစတင်ခဲ့ပါတယ်။ အဲ့နောက် သူပါဝင်ကစားခွင့်ရခဲ့ပါတယ်။
ဒီလိုပွဲတွေမှာ အစကောင်းဖို့က အရေးကြီးပါတယ်။ ပထမမိနစ် ၂၀ မှာ ပွဲကိုအသာရမယ်ဆိုရင် အနိုင်ရနိုင်ချေရှိပါတယ်။ ဒါပေမယ့် အဲ့အချိန်အတွင်းမှာလည်း အရေးနိမ့်နိုင်ချေလည်းရှိပါတယ်။ သူတို့ဒီလိုမျိုးအရေးမနိမ့်ချင်ပါဘူး။ မာရီနိုတစ်ယောက် ပရီးမီးယားလိဂ်မှာ အခုပွဲမတိုင်ခင် မိနစ် ၂၀ လောက်သာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ကျွန်တော်ပြောတာကို တစ်မျိုးမထင်ပါနဲ့။
သူက ကစားသမားကောင်းဖြစ်သလို သူ့အလုပ်သူလုပ်ပါတယ်။ ဒါပေမယ့် ဒီလိုပွဲမျိုးမှာ ပွဲအဖြေကိုပြောင်းနိုင်တဲ့ကစားသမားမျိုးလိုအပ်ပါတယ်။ အီဇီးဝင်လာချိန်ကို ကြည့်လိုက်ပါ။ မာတီနယ်လီထက်တောင် ပိုလုပ်ပြနိုင်ခဲ့ပါတယ်။ ဆိုဘိုဆလိုင်းက သူအကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘာလို့လဲဆိုတော့ သူ့ကိုဒုက္ခမပေးနိုင်ခဲ့လို့ပါ။
မာတီနယ်လီက ဆိုဘိုဆလိုင်းကို ဒုက္ခမပေးနိုင်ခဲ့ပါဘူး။ သူက အများကြီးတွေးနေတာပါ။ ညာခြမ်းမှာကစားတဲ့မာဒူကီဆို အများကြီးမတွေးပါဘူး”လို့ ဝဲလ်ကော့တ်က ပြောကြားခဲ့ပါတယ်။