The network connection is lost.

Banner Image

ဇန်နဝါရီအပြောင်းအရွှေ့မှာ ပါရမီရှင်တစ်ဦးကို ယူနိုက်တက်မှ ထွက်ခွာခွင့်ပြုခဲ့တဲ့ အာမိုရင်

ယူနိုက်တက်ဟာ ပြဿနာများ ဆက်လက်ရှိနေသော်လည်း ဇန်နဝါရီလတွင် သရဲနီတွေဟာ ကစားသမားသစ်ခေါ်ယူမှုထက် ထွက်ခွာခွင့်ပြုဖို့ကို ပိုမိုအာရုံစိုက်ခဲ့ပြီး အငှားချရန် စီစဉ်ခဲ့ကြပါတယ်။ မာကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် အက်စတွန် ဗီလာသို့ ရောက်ခဲ့သလို အန်တိုနီကလည်း လာလီဂါကလပ် ရီးရဲလ်ဘက်တစ်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ မာလာစီယာကလည်း နယ်သာလန်ရှိ ပီအက်စ်ဗွီသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

အာမိုရင်ရဲ့ အသင်းကို လျှော့ချခြင်းဟာ ထိုအချိန်တွင် ဉာဏ်ရှိတဲ့ ဆုံးဖြတ်ချက်ဖြစ်ပုံရသော်လည်း ရက်ရှ်ဖို့ဒ်နှင့် အန်တိုနီတို့ဟာ အိုးထရက်ဖို့ဒ်မှ ထွက်ခွာပြီးနောက် စတင်ကစားချိန်တွင် ခြေစွမ်းကောင်းများပြသခဲ့ကြတာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ စနေနေ့က အက်စတွန်ဗီလာရဲ့ ချဲလ်ဆီးအား အနိုင်ယူခဲ့တဲ့ပွဲတွင် ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီး အန်တိုနီကလည်း ဘက်တစ်အတွက် ၃ ဂိုးနှင့် ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။

အန်တိုနီဟာ ၂၀၂၂ ခုနှစ်တွင် အေဂျက်စ်မှ ပေါင် ၈၂ သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် ယူနိုက်တက်တွင် စိတ်ပျက်ဖွယ်ရာ စွမ်းဆောင်မှုများသာ ရှိခဲ့သော်လည်း ရီးရဲလ်ဘက်တစ်ရဲ့ တနင်္ဂနွေနေ့က ဂီတာဖေးကို အနိုင်ရခြင်းတွင် အသင်းဖော် အစ္စကိုအတွက် အံ့ဖွယ်ဂိုးဖန်တီးမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။သို့သော် ဘရာဇီးကစားသမားဟာ နောက်ပိုင်းအချိန်တွင် အနီကတ်ပြ ခံခဲ့ရပြီး လာမယ့်ရက်သတ္တပတ် ရီးရဲလ်မက်ဒရစ်နှင့် ပွဲအတွက် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

အနီကတ်ပြခံရသော်လည်း ဂီတာဖေးကို အနိုင်ရပြီးနောက် အစ္စကိုက အန်တိုနီကို ပါရမီရှင် လို့ ချီးကျူးခဲ့ပါတယ်။ "သူနဲ့ကစားရတာ အရမ်းကိုလွယ်ပါတယ်" လို့ အစ္စကိုက RTV Betis ကို ပြောကြားခဲ့ပါတယ်။ "သူက ပါရမီရှိပါတယ်" "သင့်ရဲ့ပါရမီကို အသင်းအတွက် အသုံးချရမယ်။ ကျွန်တော်တို့ ဥရောပကို ရောက်ဖို့ ခြေလှမ်းတစ်လှမ်း လှမ်းနိုင်မလားဆိုတာ ကြည့်ရအောင်ပါ"

"အန်တိုနီရဲ့ ထုတ်ပယ်ခံရမှုကို ပြန်လည်သုံးသပ်နိုင်မလား ကြည့်ရအောင်ပါ။ ကျွန်တော်တို့ အယူခံနိုင်မယ်လို့ မျှော်လင့်ပါတယ် သူ့ကို အရေးယူမှုမလုပ်ဘူးဆိုရင် ကောင်းမှာပါ" လို့ ပြောပါတယ်။ ဘက်တစ် မန်နေဂျာ မန်နူရယ် ပယ်လီဂရီနီက အန်တိုနီ ကလပ်သို့ ရောက်ရှိပြီးနောက် သူ့ကို ချီးကျူးခဲ့ပါတယ်။ သို့‌သော် ဝါရင့်နည်းပြက ဂီတာဖေး နှင့်ကစားပွဲတွင် ထုတ်ပယ်ခံရမှုက သင်ခန်းစာယူရမယ့် အခွင့်အရေး ဖြစ်ရမယ်လို့ ပြောကြားခဲ့သည်။ သူက ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် "ကျွန်တော် မမြင်မိတဲ့အတွက် ထုတ်ပယ်ခံရတာကို မပြောနိုင်ပါဘူး"

"ဒါပေမယ့် နောက်ပွဲမှာ သူမပါဝင်နိုင်တာကို စိတ်မကောင်းပါဘူး။ သူက ကျွန်တော်တို့ကို အများကြီး လုပ်ဆောင်ပေးနေပါတယ်။ နောက်ပွဲမှာ သူမပါနိုင်တာ ကြီးမားတဲ့ ဆုံးရှုံးမှုပါ ဒါက သူ့အတွက် သင်ခန်းစာယူရမယ့် အခွင့်အရေးဖြစ်ပါလိမ့်မယ်" လို့ ပြောပါတယ်။
အန်တိုနီသည် ယူနိုက်တက်တွင် စိတ်ပျက်ဖွယ်ရာ စွမ်းဆောင်မှုများကို ဘက်တစ်တွင် ကျော်လွှားနိုင်ခဲ့တဲ့ အကြောင်းရင်းကို ပယ်လီဂရီနီက ရှင်းပြခဲ့ပါတယ်။ "အရေးအကြီးဆုံးက သူ့ရဲ့ သဘောထားနဲ့ ကိုယ့်ကိုယ်ကို ဝေဖန်သုံးသပ်နိုင်မှုပါ"

"သူ့ကို ဒီလောက်ပေးရတာက သူက အဆင့်မြင့်ကစားသမားဖြစ်လို့ပါ။ ကျွန်တော်မသိတဲ့ အကြောင်းရင်းတွေကြောင့် ယူနိုက်တက်မှာ မျှော်လင့်ထားသလို စွမ်းဆောင်နိုင်ခဲ့တာမဟုတ်ပါဘူး" "ကျွန်တော်က သူ့ကို အေးဆေးနေဖို့ ကြီးကျယ်တဲ့အရာတွေကို မပြချင်ဘူးဆိုတဲ့ စိတ်နဲ့ ရိုးရှင်းအောင် ကစားဖို့ သူနဲ့ အများကြီးစကားပြောခဲ့ပါတယ်"

"သူက အသင်းအတွက် အရေးကြီးတဲ့အရာတွေကို လုပ်နိုင်တဲ့ ကြီးကျယ်တဲ့ ကစားသမားပါ ရာသီအဆုံးအထိ ဒီအဆင့်မှာ ဆက်ရှိနေမယ်လို့ မျှော်လင့်ပါတယ် သူက ကျွန်တော်တို့ကို အများကြီး ကူညီပေးလိမ့်ပါမယ်" လို့ နည်းပြက ထပ်လောင်း‌ ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဇန်နဝါရီလတွင် ဒိန်းမတ်နိုင်ငံသား နောက်တန်းကစားသမား ပက်ထရစ် ဒိုဂူနှင့် အာဆင်နယ်မှ ဆယ်ကျော်သက် ဗဟိုခံစစ်မှုး အေဒင် ဟက်ဗင်းတို့ကို ဝယ်ယူခဲ့ပါတယ်။ အာမိုရင်ရဲ့ အသင်းဟာ စနေနေ့တွင် အဲဗာတန်အား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်နေပြီးမှ နောက်ကျဂိုးများသွင်းကာ သရေကျခဲ့ပါတယ်။