
ရော်နယ်ဒိုဟာ ပုံမှန်လေးစားမှုမခံရဘူးလို့ ကာကွယ်ပြောကြားလိုက်တဲ့ ဖာဒီနန်
ယူနိုက်တက်ဂန္ထဝင်နောက်ခံလူဟောင်း ဖာဒီနန်က အသင်းဖော်အနေနဲ့ ပုံမှန်လေးစားမှုမခံရကြောင်း ကာကွယ်ပြောကြားလိုက်ပါတယ်။ ပေါ်တူဂီသားဟာ သူဟာ မက်ဆီ ၊ ပီလီ ၊ မာရာဒိုနာတို့ထက် ပိုပြီးပြည့်စုံတဲ့သူအဖြစ် သူ့ကိုယ်သူ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
ဆုဖလားအောင်မြင်မှုတွေသိပ်မရပေမယ့် အခုလိုသူ့ကိုယ်သူ အမွှန်းတင်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ အဆိုပါအခြေအနေနဲ့ပတ်သက်ပြီး ဖာဒီနန်က ဘာကြောင့် ရော်နယ်ဒိုကို မေးခွန်းထုတ်နေကြလဲဆိုတာကို နားမလည်နိုင်ဖြစ်နေပါတယ်။
“လူတိုင်း ဇလာတန်က ချန်ပီယံတစ်ယောက်လိုပြောဆိုနေတယ်ဆိုရင် အို့ ဘယ်လောက်တောင်ချစ်ဖို့ကောင်းတဲ့ကစားသမားလဲ ပြောကြပါလိမ့်မယ်။ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေး နဲ့ စရိုက်လက္ခဏာကို ကျွန်တော် ချစ်ပါတယ်။ ရော်နယ်ဒို အခုလိုပြောချိန်မှာတော့ သူတို့ ဒီလိုပြောကြပါတယ်။ အို့ ဘယ်လိုတောင် တစ်ကိုယ်ကောင်းဆန်တဲ့ကစားသမားလဲ။ ဘယ်လိုတောင် သူပြောလိုက်တာလဲ?။ ဆိုပြီး ပြောကြပါလိမ့်မယ်။
သူက နောက်ဆုံး ၁၈ နှစ်တာကာလအတွင်း ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့တာပါ။ ကစားတဲ့အသင်းတိုင်းမှာလည်း ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့တာပါ။ အဲ့တာက မယုံကြည်နိုင်စရာပါ။ ရော်နယ်ဒိုက ပုံမှန်လေးစားမှုမခံရသလိုဖြစ်နေပါတယ်”လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်မှာ စရောက်တုန်းက ရော်နယ်ဒိုဟာ ယူနိုက်တက်ကို ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်ဖလားတွေရယူပေးနိုင်ခဲ့သလို ပထမဆုံးဘော်လွန်းဒီအော်ဆုလည်း ရယူနိုင်ခဲ့ပါတယ်။
လက်ရှိအယ်လ်နာဆာအသင်းမှာကစားနေပေမယ့် ပေါ်တူဂီသားဟာ ရီးရဲလ်အသင်းသမိုင်းတစ်လျှောက်ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့သလို ဂျူဗင်တပ်စ်အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုရယူနိုင်ခဲ့ပါတယ်။