The network connection is lost.

Banner Image

၁၉၅၈ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပီလီ ဝတ်ဆင်ခဲ့တဲ့ ဘရာဇီးအသင်း ဂျာစီ အမေရိကန်ဒေါ်လာ ၄.၉ သန်းနဲ့ ရောင်းထွက်

၁၉၅၈ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပီလီ ဝတ်ဆင်ခဲ့တဲ့ ဘရာဇီးအသင်း ဂျာစီ အမေရိကန်ဒေါ်လာ ၄.၉ သန်းနဲ့ ရောင်းထွက်ခဲ့ပါတယ်။ ဘရာဇီးဂန္ထဝင်ကစားသမားကြီး ပီလီ ၁၉၅၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ နှစ်ဂိုးသွင်းယူခဲ့စဉ်က ဝတ်ဆင်ခဲ့တဲ့ ဂျာစီဟာ လေလံပွဲတစ်ခုမှာ ဒေါ်လာ ၄.၉ သန်းနဲ့ ရောင်းချခဲ့ရပြီး ဘောလုံးလောကရဲ့ ဂန္ထဝင်နဲ့ပတ်သက်တဲ့ အဖိုးတန်ဆုံး အမှတ်တရပစ္စည်းဖြစ်လာတယ်လို့ ဆိုသဘီ (Sotheby's) လေလံအဖွဲ့က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ စတော့ဟုမ်းမှာ အိမ်ရှင် ဆွီဒင်ကို ၅-၂ ဂိုးနဲ့ အနိုင်ရပြီး ဘရာဇီးအသင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့စဉ်က အသက် ၁၇ နှစ်သား ပီလီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် (၁၀) ဂျာစီကို လေလံဆွဲသူ ၅ ဦးထက်မနည်းက ၁၀ ကြိမ်တိုင်တိုင် ဈေးပေးပြီး လေလံဆွဲခဲ့ကြတယ်လို့ လေလံဌာနက ဆိုပါတယ်။ ဒီအရောင်းအဝယ်ဟာ လေလံလောကမှာ ဒုတိယမြောက် ဈေးအကြီးဆုံး ဘောလုံးဂျာစီ ဖြစ်လာခဲ့ပြီး၊ ပထမနေရာမှာတော့ ၁၉၈၆ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအတွက် အင်္ဂလန်နဲ့ပွဲမှာ "Hand of God" (ဘုရားသခင်ရဲ့ လက်) ဂိုးကို သွင်းယူခဲ့စဉ်က မာရာဒိုနာ ဝတ်ဆင်ခဲ့တဲ့ ဂျာစီက ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၉.၃ သန်းနဲ့ ရောင်းချခဲ့ရတာပဲ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်က အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ ပီလီဟာ ၁၉၅၈ ခုနှစ် ဗိုလ်လုပွဲမှာ နှစ်ဂိုးသွင်းယူပေးခဲ့ပြီး အခုအချိန်အထိ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် ရှိနေဆဲပါ။ ဆိုသဘီ လေလံဌာနရဲ့ အဆိုအရ ဒီဂျာစီဟာ အရင်က ၂၀၀၄ ခုနှစ်မှာ ပေါင် ၇၀,၅၀၅ (ဒေါ်လာ ၁၀၅,၆၀၀) နဲ့ လေလံတင် ရောင်းချခဲ့ဖူးပါတယ်။