The network connection is lost.

Banner Image

တူချယ်လ်ရဲ့ အင်္ဂလန်အသင်းမှာ ဘယ်လင်ဟမ် ပွဲထွက်ကစားဖို့ မလိုအပ်တဲ့ ငြင်းခုံမှုတွေ မရှိသင့်ဘူးလို့ ရစ်ချတ်စ် ပြောဆို

မန်စီးတီးကြယ်ပွင့်ဟောင်း မီကာရစ်ချတ်စ်က အင်္ဂလန်နည်းပြ သောမတ်စ်တူဟယ်လ်အနေနဲ့ ရီးရဲလ်မက်ဒရစ်ကစားသမား ဂျုဒ်ဘယ်လင်ဟမ်အပေါ် ယုံကြည်မှုအပြည့်အဝထားဖို့ တိုက်တွန်းလိုက်ပါတယ်။

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားအတွက် ပြင်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ဗုဒ္ဓဟူးနေ့ညမှာတော့ ကော်စတာရီကာအသင်းနဲ့ နောက်ဆုံးခြေစမ်းပွဲ ကစားသွားမှာ ဖြစ်ပါတယ်။ ဒီပွဲဟာ နည်းပြတူချယ်လ်အတွက် သူ့ရဲ့လူစာရင်းကို နောက်ဆုံးအကြိမ် အနီးကပ် စစ်ဆေးနိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။

အင်္ဂလန် ဟာ ကမ္ဘာ့ဖလား အုပ်စု (L) မှာ ခရိုအေးရှား၊ ဂါနာ၊ ပနားမားတို့နဲ့အတူ ကျရောက်နေပြီး ကမ္ဘာ့အဆင့်မီ ထိပ်တန်းကစားသမားတွေနဲ့ စုဖွဲ့ထားတာကြောင့် နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

ကစားသမားတွေက အသင်းမှာ နေရာရဖို့ အပြိုင်အဆိုင် ကြိုးစားနေကြချိန်မှာ ဘယ်လင်ဂမ်ကတော့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာ ဂျာမန်လူမျိုးနည်းပြ (တူဟယ်လ်) လက်ထပ်ကတည်းက ပွဲထွက်လူစာရင်းမှာ (၄) ကြိမ်သာ ပါဝင်ခဲ့ရပြီး လူစားဝင်ကစားသမားအဖြစ် (၃) ကြိမ် ပါဝင်ထားပါတယ်။

Netflix ရဲ့ "The Rest Is Football" အစီအစဉ်မှာ ရစ်ချတ်စ်က ပြောကြားရာမှာတော့ ဘယ်လင်ဟမ်ဟာ ပွဲကြီးပွဲကောင်းတွေမှာ အမြဲတမ်း ခြေစွမ်းပြလေ့ရှိတာကြောင့် တူချယ်လ်အနေနဲ့ သူ့ကို ပွဲထွက်ကစားသမားအဖြစ် ထည့်သွင်းဖို့ အလွန်အရေးကြီးတယ်လို့ ယူဆထားပါတယ်။

"အရေးကြီးတဲ့ အခိုက်အတန့်တွေမှာဆိုရင် ဂျုဒ်ဘယ်လင်ဟမ်က ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဖလား ရထားတဲ့သူပါ။ အင်္ဂလန်အသင်း တခြားပြိုင်ပွဲတွေမှာ အကြပ်အတည်းတွေ့နေချိန်တိုင်း သူကပဲ ကယ်တင်ရှင် ဖြစ်ခဲ့တာပါ။ သူက အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့ အရည်အချင်းရှိပြီး ကျွန်တော်တို့ဆီမှာ တကယ့် စူပါစတားတစ်ယောက် ရှိနေတာပါ။ ဒါဟာ ငြင်းခုံနေစရာတောင် မလိုပါဘူး။ သူက အကောင်းဆုံးကစားသမား ဖြစ်လို့ ပွဲထွက်ကစားရမှာပါ" လို့ ရစ်ချတ်စ်က ဆိုပါတယ်။

အက်စတွန်ဗီလာကြယ်ပွင့် မော်ဂန်ရော်ဂျာကလည်း ဘယ်လင်ဂမ်ရဲ့ အောင်မြင်လိုစိတ်နဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးခဲ့ပြီး ရစ်ချတ်စ်ရဲ့ အမြင်ကို ထောက်ခံခဲ့ပါတယ်။

"သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ တစ်ခါတလေ လူတွေက သူ့ရဲ့ ပြောဆိုဆက်ဆံပုံကို အထင်မှားတတ်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဘဝမှာ သူလောက် အနိုင်ရလိုစိတ် ပြင်းထန်တဲ့သူ တစ်ခါမှ မတွေ့ဖူးသေးပါဘူး။ ဒီလို စရိုက်လက္ခဏာနဲ့ စိတ်ဓာတ်မျိုး မရှိဘဲနဲ့တော့ သူဟာ ရီးရဲလ်မက်ဒရစ်မှာ ကစားနိုင်မှာ မဟုတ်သလို အဆင့်မြင့်ပွဲကြီးတွေကိုလည်း ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး။ သူက ကျွန်တော်တို့ရဲ့ အဖိုးတန် 'ရွှေရောင်လက်တောက်တဲ့ လူငယ်လေး' ဖြစ်နေတာကြောင့် ဒါကို ထူးဆန်းတယ်လို့ မြင်မိတယ်။ သူက ကျွန်တော်တို့ တန်ဖိုးထားရမယ့်သူဖြစ်ပြီး 'ဒါဟာ ငါတို့ရဲ့ ကစားသမားကွ' လို့ တစ်ကမ္ဘာလုံးကို ဂုဏ်ယူစွာ ပြသရမယ့်သူပါ" လို့ ရော်ဂျာက ပြောပါတယ်။