
စာချုပ်သစ်အဆင်ပြေဖို့ ဗင်နီဆီးယက်စ်တောင်းဆိုတဲ့အတိုင်း ပေးချေတော့မယ့် ရီးရဲလ်မက်ဒရစ်
သတင်းတွေအရ ရီးရဲလ်အသင်းဟာ တောင်ပံကစားသမား ဗင်နီဆီးယက်စ်ကို စာချုပ်သစ်ချုပ်ဆိုနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လတွေတုန်းက ဗင်နီ နဲ့ ရီးရဲလ်တို့ကြား အနာဂတ်မရေရာမှုတွေရှိခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ အပြီးသတ်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးသားကို ဆော်ဒီကလပ်တွေက ချိတ်ဆက်နေပြီး အခုချိန်မှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
မကြာသေးခင်တုန်းက ရီးရဲလ် နဲ့ ဗင်နီတို့ကြား စာချုပ်သစ်အတွက် သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ ဖော်ပြခဲ့သလို အခုလည်း အေအက်စ်သတင်းဌာနက အပြီးသတ်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ ဘရာဇီးသားဟာ လာမယ့်အပတ်တွေမှာ ၅ နှစ်စာချုပ်သစ်ချုပ်ဆိုမှာဖြစ်ပြီး အသင်းမှာ ကာလရှည်နေတော့မှာဖြစ်ပါတယ်။
ဗင်နီရဲ့အေးဂျင့်ဘက်က သူ့ကစားသမားကို ၃ နှစ်စာချုပ်သစ်သာချုပ်ဆိုလိုနေပြီး အဆိုပါစာချုပ်သစ်က ၂၀၂၇ မှာကုန်ဆုံးမှာဖြစ်ပါတယ်။ ဗင်နီရဲ့အေးဂျင့်ကိုယ်တိုင်က သူ့ကစားသမားကို ကာလတိုစာချုပ်သာချုပ်ဆိုလိုနေပြီး လွတ်လွတ်လပ်လပ်ထွက်ခွာရဖို့ ပြင်ဆင်နေပါတယ်။
အဆိုပါသတင်းတွေဟာ ဆော်ဒီအသင်းတွေအတွက် ဗင်နီကိုခေါ်ယူနိုင်ဖို့ အလားအလာရှိနေဆဲဖြစ်ပါတယ်။ သတင်းတွေအရ ဗင်နီဟာ စာချုပ်သစ်မှာ ယူရိုသန်း ၁၀၀ ရရှိမှာဖြစ်ပြီး အဆိုပါပမာဏဟာ ရီးရဲလ်အသင်းရဲ့လုပ်ခလစာအများဆုံးကစားသမားဖြစ်လာမှာဖြစ်ပြီး ဘာပေကိုတောင် ကျော်တက်ခဲ့တာဖြစ်ပါတယ်။
ပြင်သစ်သားဟာ လက်ရှိဘောနပ်စ်ပါအပါမှာ ယူရို ၇၅ သန်းကျော်လောက်ရရှိနေတာဖြစ်ပါတယ်။ အခုနှစ်အစောပိုင်းတုန်းက ဗင်နီတစ်ယောက် ရီးရဲလ်အသင်းတာဝန်ရှိသူတွေနဲ့ဆွေးနွေးခဲ့ပြီး သူလိုချင်တဲ့လုပ်ခလစာမျိုး အသင်းဘက်က ပေးချေမယ်လို့ အတည်ပြုခဲ့ပြီးနောက် အခုလိုမျိုး စာချုပ်သစ်အဆင်ပြေခဲ့တာဖြစ်ပါတယ်။