ဆော်ဒီမြေကိုသွားခဲ့တဲ့ မူဒရစ်ခ်ရဲ့ဆုံးဖြတ်ချက်ကို ကာကွယ်ပြောကြားလိုက်တဲ့ မာရက်စ်ကာ
ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ဆော်ဒီမြေကိုသွားရောက်ပြီး ယူဆက် နဲ့ တိုင်ဆန်ဖျူရီတို့ပွဲကို သွားကြည့်ခဲ့တဲ့ မူဒရစ်ခ်ရဲ့ဆုံးဖြတ်ချက်ကို ကာကွယ်ပြောကြားလိုက်ပါတယ်။ ဆေးသုံးစွဲမှုကြောင့် အသက် ၂၃ နှစ်သားဟာ ပြန်လည်ကစားခွင့်ရဖို့ စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။ မူဒရစ်ခ်ဟာ ချဲလ်ဆီးအသင်းအတွက် ၈ ပွဲဆက်လွဲချော်ခဲ့ပြီး မာရက်စ်ကာက ယူကရိန်းသားရဲ့ခရီးစဉ်ဟာ ဘာပြဿနာမှမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
“လက်ရှိအခိုက်အတန့်မှာ သူ့အနေနဲ့ အခြေအနေတွေကနေ အနည်းငယ်ဖြတ်တောက်ထားတာကောင်းပါတယ်။ နောက်ဆုံး ကျွန်တော် သူနဲ့စကားပြောဖြစ်တုန်းက သူ့ကိုအားပေးဖို့ ကြိုးစားခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ ရလဒ်ကိုစောင့်ဆိုင်းရပါမယ်”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။
မူဒရစ်ခ်မပါဝင်နိုင်တဲ့အနေအထားမှာ ချဲလ်ဆီးဟာ လာမယ့်ဒီဇင်ဘာ ၂၆ မှာ ဖူလ်ဟမ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မာရက်စ်ကာရဲ့အသင်းဟာ ထိပ်ဆုံးနေရာက ၄ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။