The network connection is lost.

Banner Image

ချဲလ်ဆီးအသင်းဆီ မူဒရစ်ခ် ပြန်လာရောက်ရှိလာနိုင်မှုအပေါ် အလွန်ဆို တုံ့ပြန်ဖွင့်ဟ

တားမြစ်ဆေးသုံးစွဲမှုကြောင့် ပွဲပယ်ခံထားရတဲ့ မူဒရစ်ခ်ရဲ့ ပြစ်ဒဏ်သက်တမ်းပြည့်မြောက်သွားပြီးနောက် ချဲလ်ဆီးနည်းပြသစ်အလွန်ဆိုက ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

မူဒရစ်ခ်အပေါ် ချမှတ်ထားတဲ့ လေးနှစ်ပွဲပယ်ပြစ်ဒဏ်အတွက် အယူခံဝင်မှုကို အားကစားခုံရုံး(CAS)မှ လက်ခံပေးခဲ့လို့ ချဲလ်ဆီးကြယ်ပွင့်အတွက် အခုချက်ချင်းပဲ ဘောလုံးပြန်ကစားခွင့် ရရှိသွားပါတယ်။ ဒီယူကရိန်းလက်ရွေးစင်သမားက ပြီးခဲ့တဲ့နှစ်နှစ်တာကာလအတွင်း ပြိုင်ပွဲအသွင်ပွဲစဉ်တွေနဲ့ ဝေးကွာနေခဲ့လို့ ချဲလ်ဆီးအသင်းမှာ ပုံမှန်ခြေစွမ်းပြန်ရရှိဖို့အတွက် အချိန်တစ်ခု ယူသွားရပါလိမ့်မယ်။

မူဒရစ်ခ်ကလည်း သူ့ရဲ့ကစားသမားဘဝ အခက်ခဲဆုံးအချိန်တွေကို ကျော်ဖြတ်ပြီးနောက် အခုလို ပြန်ကစားခွင့်ရရှိလို့ ကျေးဇူးတင်မိတယ်လို့ ဆိုပါတယ်။

အခုလိုပြန်လာနိုင်မှုအပေါ် နည်းပြအလွန်ဆိုကတော့ ကွင်းပြင်ပမှာ အချိန်အတော်ကြာ ခက်ခဲစွာ ဖြတ်သန်းခဲ့ရတဲ့ မူဒရစ်ခ်အတွက် အရင်လိုပုံစံကောင်းပြန်ရလာအောင် ကူညီပေးဖို့ အသင့်ပဲလို့ ဝန်ခံပြောကြားခဲ့ပါတယ်။

"အခုချိန်မှာတော့ သူ့ရဲ့ကြံ့ခိုင်မှု ဘယ်လိုရှိသလဲ၊ ပွဲစဉ်တွေမှာ ပြန်ပါဝင်ကစားဖို့ ဘယ်လောက်အထိ အဆင်သင့်ဖြစ်နေပြီလဲဆိုတာ ပြောဖို့ စောပါသေးတယ်" လို့ အလွန်ဆိုက ဆိုပါတယ်။

"ဒါပေမဲ့ သူ့အတွက် တကယ်ကို ဝမ်းသာပါတယ်။ အထူးသဖြင့် ဒီကာလတွေအတွင်း ဘယ်လောက်အထိ ခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်ခဲ့ရလဲ၊ ဘယ်လို ခံစားချက်တွေနဲ့ ဒါတွေကို ကျော်ဖြတ်ခဲ့ရလဲဆိုတာ ကျွန်တော်တို့ နားလည်နိုင်မှာ မဟုတ်ပါဘူး"

"အရာအားလုံး အချိန်ယူရမယ်လို့ ကျွန်တော်တို့ တွေးထားပါတယ်။ သူကတော့ နေ့တိုင်း တစ်ဦးတည်း လေ့ကျင့်ခန်းဆင်းခဲ့ရပါတယ်။ ဘောလုံးကစားချင်ပြီး အသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ချင်နေသူတစ်ဦးအတွက် အခုလို အကြာကြီး ပိတ်ပင်ခံရတယ်ဆိုတာ တကယ်ကို ခက်ခဲပါလိမ့်မယ်။ နောက်ပိုင်းမှာတော့ သူ ဘယ်လောက်အထိ မြန်မြန်ပြန်လာနိုင်လာမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။ သူ့ကို အသင်းကစားသမားတစ်ဦးလို ခံစားမိစေချင်ပါတယ်။ ကျွန်တော်တို့နဲ့အတူ ရှိနေချိန် သူ ဘာတွေတိုးတက်လာမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်" လို့ ရှင်းပြခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်မူဒရစ်ခ်က ၂၀၂၃ ခုနှစ်မှာ ရှက်တာဒိုးနက်မှ ချဲလ်ဆီးဆီ ပေါင် ၆၂ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး အခုဘောလုံးရာသီသစ်မှာတော့ သူ့ရဲ့အရည်အချင်းကို သက်သေပြဖို့ နောက်ဆုံးအခွင့်အရေး ရရှိလာပါတယ်။