The network connection is lost.

Banner Image

ဒီဘရိုင်းရဲ့ မန်စီးတီး ကစားသမားဘဝ အဆုံးသတ်နိုင်ကြောင်း အရိပ်အမြွက်ပြောကြားလိုက်တဲ့ ဂွါဒီယိုလာ

ဂွါဒီယိုလာ က မန်စီးတီး ၏ ရီးရဲလ်မက်ဒရစ် နှင့် 3-1 ရှုံးနိမ့်ခဲ့သော ပွဲစဉ်တွင် ဒီဘရိုင်း ကို အရံကစားသမားအဖြစ် ထားရှိခဲ့သည့် ဆုံးဖြတ်ချက်သည် ဒဏ်ရာကြောင့် မဟုတ်ကြောင်း ဝန်ခံခဲ့သည်။ ဒီဘရိုင်းက ဘာနေဗျူးမှာကစားခဲ့တဲ့ပွဲတွင် အရန်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရပြီး အမ်ဘာပေရဲ့ ဟက်ထရစ်ဂိုးများကြောင့် ရီးရဲလ်မက်ဒရစ်ဟာ စုစုပေါင်း ၆-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ မန်စီးတီးတို့ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင် အလယ်တန်းကစားသမားဟာ ပထမအကျော့တွင် ၈၄ မိနစ်အထိ ကစားခဲ့ရသော်လည်း ဂွါဒီယိုလာကတော့ ဒုတိယအကျော့အတွက် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်စရာများ ရှိတယ်လို့ ထင်နေတာပါ။ ဒီဘရိုင်းရဲ့ ဗုဒ္ဓဟူးနေ့ ပွဲစဉ်တွင် မပါဝင်ရတဲ့ အကြောင်း ရှင်းပြရာတွင် မန်စီးတီး မန်နေဂျာက "ဆုံးဖြတ်ချက်တွေပါ။ ကျွန်တော့်ဆုံးဖြတ်ချက်ပါ"

"ဟုတ်ပါတယ် သူက အရေးကြီးတဲ့ပွဲတွေမှာ ကစားနိုင်ဆဲပါ။ သူက ရီးရဲလ်မက်ဒရစ် နဲ့ အိမ်ကွင်းမှာ ကစားခဲ့ပြီး သူကစားနိုင်ခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာက "ဒီဘရိုင်း နဲ့ ကျွန်တော့်ဆက်ဆံရေးက အရမ်းကောင်းပါတယ်။ သူက ကျွန်တော့်အတွက် အသင်းအတွက် လူတိုင်းအတွက် လုပ်ပေးခဲ့တာကို ကျေးဇူးတင်လို့မကုန်နိုင်ပါဘူး။ ဒါက ဆုံးဖြတ်ချက်တစ်ခုပါပဲ"

"ပုံမှန်အားဖြင့် ကျွန်တော်က ကစားသမားတွေနဲ့ ဘာကြောင့်မကစားရတာလဲဆိုတာ မပြောပါဘူး ကီဗင် တစ်ယောက်တည်းမဟုတ်ဘူး။ သူတို့က ကျွန်တော့်ကို ဘာကြောင့်ကစားရတာလဲဆိုတာလည်း မမေးပါဘူး"

"ဒါက ကျွန်တော်မြင်တာကြောင့် အကြောင်းရင်းတွေကြောင့် ဆုံးဖြတ်ချက်တစ်ခုပါပဲ။ ကိုယ်ရေးကိုယ်တာကြောင့်ဆိုတာ ဘယ်တော့မဟုတ်ပါဘူး ဘယ်တော့မှ စိတ်ဆိုးတာမဟုတ်ဘူး"

"ဒိုကူလည်း မကစားခဲ့ရဘူး။ သူနောက်ဆုံးကစားခဲ့တာက အစ်ဆွစ်နဲ့ပွဲမှာပါ အရမ်းကောင်းခဲ့တယ် ပြီးတော့ ဒဏ်ရာရခဲ့ပါတယ်"

"ဒါပေမယ့် လိုအပ်ချက်တွေရှိပြီး လက်ရှိကျွန်တော်တို့ ကစားပုံကြောင့် ကျွန်တော်တို့မှာ မရှိတဲ့အရာတွေ အားသာချက်တွေ ကြံ့ခိုင်မှုနဲ့ အခြားအရာတွေကြောင့် ပိုထိန်းချုပ်ရတဲ့ ကစားပုံကို လိုအပ်ပါတယ်"
"ဘာကြောင့်လဲဆိုတာ မပြောနဲ့။ ကိုယ်ရေးကိုယ်တာကြောင့် မဟုတ်ပါဘူး ကျွန်တော်က ဆုံးဖြတ်ချက်တွေ ချတယ်။ ဒါဒီလောက်ပါပဲ အဲ့ဒါထက်မပိုပါဘူး" လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာရဲ့ ဒီဘရိုင်း နှင့်ပတ်သက်တဲ့ ပြောကြားချက်များကြောင့် ကစားသမားဟာ ရာသီကုန်တွင် အသင်းမှ ထွက်ခွာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုများကို ပိုမိုအားကောင်းစေခဲ့ပါတယ်။ ဒီဘရိုင်းရဲ့ လက်ရှိစာချုပ်ဟာ ဇွန်လတွင် ကုန်ဆုံးမှာဖြစ်ပါတယ်။