The network connection is lost.

Banner Image

နာပိုလီဥက္ကဋ္ဌရဲ့ အငြင်းပွားဖွယ် ပို့စ်အပြီး အသင်းကထွက်ခွာမယ်ဆိုတဲ့ ကောလာဟလတွေကို ငြင်းဆန်လိုက်တဲ့ ကွန်တီ

လွန်ခဲ့တဲ့ ၆ လက စီးရီးအေချန်ပီယံဆုရအောင် ဦးဆောင်ပေးခဲ့တဲ့ ကွန်တီက အတ္တလန္တာကို ၃-၁ နဲ့ အနိုင်ရခဲ့ပြီး ဒုတိယနေရာကို ပြန်ရောက်လာခဲ့ပြီးနောက် နာပိုလီအတွက်ပဲ ပေးဆပ်ထားကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဒေးဗစ်နီရက်စ်ရဲ့ သွင်းဂိုးနှစ်ဂိုး နိုအာလန်းရဲ့ သွင်းဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ ဒီ လော်ရန်တစ်က "ဘရာဗို အန်တိုနီယိုကွန်တီ၊ အသင်းကို အရင်အချိန်တွေဆီ ပြန်ခေါ်သွားနိုင်ခဲ့ပြီ။ သူ့ရဲ့ညွှန်ကြားချက်တွေကို လိုက်နာတဲ့ ကစားသမားတွေလည်း တော်ပါတယ်" လို့ ပို့စ်တင်ခဲ့ပါတယ်။

တချို့က ဒီမှတ်ချက်ကို အလွဲသုံးစားလုပ်ကြပေမဲ့ ဥက္ကဋ္ဌက ရာသီအစခက်ခဲမှုတွေအပြီးမှာ ကွန်တီက အသင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့အတွက် ချီးကျူးလိုခြင်းသာဖြစ်ပါတယ်။ ကွန်တီက"အပြင်လူတွေအတွက် ပိုစိုးရိမ်စရာကောင်းတဲ့ ကိစ္စရပ်တွေရှိပါတယ်။ ကျွန်တော် ကစားသမားတွေနဲ့ ခိုင်မာတဲ့ဆက်ဆံရေးရှိတယ်၊ ကျွန်တော်တို့ အမြဲတမ်းအမှန်တရားကို ပြောဆိုကြတယ်၊ ကျွန်တော်က အရမ်းပွင့်လင်းပြီး ဟန်မဆောင်တတ်ပါဘူး။

ကျွန်တော် အသင်းကို ဆွဲခေါ်စရာမလိုပါဘူး။ သူတို့ ကျွန်တော်နဲ့အတူရှိခဲ့တယ်၊ ရှိနေတယ်၊ အမြဲတမ်းရှိနေကြမှာပါ။ ကျွန်တော်လည်း ဘာပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် သူတို့နဲ့အတူ အမြဲရှိနေမှာပါ။ ဟန်ဆောင်မှုမရှိတဲ့ ရိုးသားတဲ့လူတစ်ယောက်နဲ့ ဆက်ဆံနေရတယ်ဆိုတာ သူတို့သိပါတယ်။

ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြသတဲ့လူတစ်ယောက်ပါ၊ လူအများစုက အဲဒီလိုလုပ်ဖို့ သတ္တိမရှိကြပါဘူး။ ဘာကိစ္စ၊ ဘယ်သူမှ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ပျက်စီးအောင်မလုပ်နိုင်ဘူးဆိုတာ သူတို့သိပါတယ်။ အခြေအနေတွေအများကြီး ဖြစ်ပျက်နိုင်ပေမဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက အမြဲတမ်းခိုင်မာနေမှာပါ။ ဘိုလော့ဂ်နာပွဲပြီးနောက် ကျွန်တော် သူတို့ဆီက အကောင်းဆုံးမရယူနိုင်ဘူးလို့ ထင်ခဲ့ပြီး တာဝန်ယူခဲ့ပါတယ်။ မကြာခဏဆိုသလို အန်ဂူအစ်ဆာ၊ လူကာကူ၊ ဂေလ်မိုးနဲ့ ဒီဘရိုင်းနားတို့ကို မေ့ထားတတ်ကြပါတယ်။ ဒီအရာတွေကို ထည့်မတွက်ဘဲ အမှန်တရားထက် အတင်းအဖျင်းတွေကိုပဲ ပိုအာရုံစိုက်နေကြတာပါ"လို့ ပြောသွားခဲ့ပါတယ်။

နာပိုလီအသင်းဟာ မနက်ဖြန်ညမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ကွာရာဘတ်နဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။