The network connection is lost.

Banner Image

ယူနိုက်တက် - ဘရိုက်တန် ပွဲအပေါ် ခန့်မှန်းမှု ပြုလုပ်လိုက်တဲ့ ပေါလ်မာဆင်

နိုင်ငံတကာပွဲများမတိုင်ခင် အာဆင်နယ်ကို ရှုံးနိမ့်ပြီးနောက် နိုင်ငံတကာအားလပ်ရက်မှာ ဒဏ်ရာပြဿနာတွေကို ဖြေရှင်းပြီး ယူနိုက်တက်က အနိုင်ရရှိအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

မက်ဂွါရီရဲ့ စိတ်ဓာတ်ကျဆင်းမှုနဲ့အတူ အန်တိုနီ၊ ဆန်ချိုတို့နဲ့ ပတ်သက်တဲ့ အငြင်းပွားဖွယ်ရာ ကိစ္စများရှိနေတာကြောင့် တန်ဟက်အတွက် ကျိန်စာမိနေသလိုဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ ၁၂ လက ယူနိုက်တက်အား နည်းပြအဖြစ် တန်ဟက် ပထမဆုံးကိုင်တွယ်ခဲ့တဲ့ပွဲမှာ ဘရိုက်တန်က အိုးထရက်ဖို့ဒ်တွင် အနိုင်ရရှိခဲ့ပြီး ရာသီသစ်ကို အကောင်းဆုံးစတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

"ဘရိုက်တန်က ခက်ခက်ခဲခဲ ရင်ဆိုင်ကစားရတဲ့ အသင်းဖြစ်လို့ ဒီပွဲက ယူနိုက်တက်အတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာနိုင်ပါတယ်" "တန်ဟက်အတွက် ဖြေရှင်းရန် ပြဿနာအနည်းငယ်ရှိပြီး အန်တိုနီဟာ မကြာသေးမီက ဆိုင်းငံ့ခံရပြီးနောက် ယခုရက်သတ္တပတ အိုးထရက်ဖို့ဒ်မှာ ကစားမယ့်ပွဲမှာ အသင်းရဲ့တိုက်စစ်တွင် ဘယ်သူပါဝင်လာမလဲဆိုတာက စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်" "ပယ်လစ္စထရီက ပွဲထွက်ခွင့်ရရှိဖို့ ရှိနေပြီလို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ရက်ချ်ဖို့ဒ်နဲ့အတူ ဂါနာချို၊ ဟွိုက်လန်းတို့ကသာ ရှေ့တန်းမှာ ပါဝင်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်"

"ကျွန်တော်က ဂါနာချိုကို သဘောကျပြီး စတင်နိုင်ဖွယ်ရှိပေမယ့် ပင်ပန်းနွမ်းနယ်နေတာကြောင့် လူစားဝင်ကစားသမားအဖြစ်သာ ဝင်ရောက်တာက ပိုကောင်းပါတယ်လို့ထင်ပါတယ်""တန်ဟက်နှင့် ပြဿနာဖြစ်ခဲ့ပြီးနောက် ဆန်ချိုရဲ့အနာဂတ်နှင့် ပတ်သက်ပြီး ထင်ကြေးပေးမှုတွေက ပြီးခဲ့တဲ့ရက်သတ္တပတ်က သတင်းစာခေါင်းကြီးပိုင်းမှာ လွှမ်းမိုးခဲ့ပါတယ်""သူ့ရဲ့ အိုးထရက်ဖို့ဒ်ကစားသမားဘဝက ပြီးသွားပြီလို့ သတင်းတွေထွက်ခဲ့ပေမယ့် ဒီလိုဖြစ်လိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး" "လက်ရှိအချိန်နဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကြားထဲမှာ အများကြီး ပြောင်းလဲသွားနိုင်သလို ယူနိုက်တက်အနေနဲ့ တိုက်စစ်မှာ ရွေးချယ်စရာတွေ လျော့ပါးသွားနိုင်တာကြောင့် ဆန်ချိုကသာ ဝီရိယရှိရှိ အလုပ်လုပ် မယ်ဆိုရင် နည်းပြရဲ့ အစီအစဉ်ထဲသို့ ပြန်ရောက်သွားနိုင်ပါတယ်"လို့ မာဆင်က Sportskeeda သို့ ပြောကြားခဲ့ပါတယ်။