The network connection is lost.

Banner Image

ချက်ကို နောက်ကျသွင်းဂိုးနဲ့ အနိုင်ရပြီးနောက် ပေါ်တူဂီရဲ့ စည်းကမ်းတကျကစားပုံကို ချီးကျူးလိုက်တဲ့ မာတီနက်ဇ်

ပေါ်တူဂီနည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က ယနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုအုပ်စုအဆင့် အဖွင့်ပွဲစဉ်မှာ နောက်ကျအနိုင်ဂိုးနဲ့ ချက်ကို ကံကောင်းထောက်မစွာအနိုင်ရခဲ့သော်လည်း အသင်းရဲ့စည်းကမ်းတကျကစားပုံကို ချီးကျူးပြောဆိုလာခဲ့ပါတယ်။ ချက်ဟာ ပွဲကစားချိန် မိနစ် ၉၀ အထိ သရေ ရလဒ်ကို  ဖော်ဆောင်ထားနိုင်ခဲ့ပေမယ့် လူစားဝင်ကစားသမား ကွန်စီကာအိုရဲ့သွင်းဂိုးကြောင့် ၂-၁ ဆိုတဲ့ရလဒ်နဲ့ ပေါ်တူဂီကို ရှုံးနိမ့်ခဲ့ပြီး ကျန်တဲ့ပွဲစဉ်တွေမှာ ရုန်းကန်သွားရတော့မှာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ မာတီနက်ဇ်က “ဒီနေ့မှာကျွန်တော်တို့ စိတ်အားထက်သန်မှုကိုပြသခဲ့ပြီး အထူးသဖြင့် စည်းကမ်းတကျကစားပုံကို မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ပွဲကို  ထိန်းချုပ်နိုင်ခဲ့ပြီး ချက်ကို ဂိုးတွေများများစားစားခွင့်မပြုခဲ့ရတာက အရေးကြီးဆုံး အချက်ပါပဲ။ ပြီးတော့ အသင်းရဲ့ကစားသမား ၂၃ ယောက်စလုံးရဲ့ တန်ဖိုးကိုလည်းပြသနိုင်ခဲ့ပါတယ်။ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ပရိသတ်ရဲ့အားပေးမှုကြောင့် ကျွန်တော်တို့နိုင်ပွဲရယူနိုင်ခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ပေါ်တူဂီဟာ နောက်ကနေလိုက်ကစားခဲ့ရသော်လည်း စည်းကမ်းတကျကစားပုံကြောင့် အဆုံးမှာတော့ ဂိုးတွေပြန်လည်ရရှိခဲ့ပြီး အနိုင် ၃ မှတ်ကို ထိုက်ထိုက်တန်တန်ပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး ယခုပွဲစဉ်မှာ အသင်းအတွက် ခြေစွမ်းပြခဲ့တဲ့ ဗီတင်ဟာကိုလည်း မာတီနက်ဇ်က “ဗီတင်ဟာက ခြေစမ်းပွဲစဉ်တွေမှာရော ပြိုင်ပွဲကြီးတွေမှာပါ အသင်းအတွက် အရမ်းအရေးကြီးတဲ့ကစားသမားပါ။ ကျွန်တော်တို့မှာ နေရာအတွက်ပြိုင်ဆိုင်မှုပြင်းထန်တဲ့ကစားသမားစာရင်းရှိနေပြီး ဗီတင်ဟာလိုကစားသမားတွေရှိနေဖို့ အရေးကြီးပါတယ်”လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ကွန်စီကာအိုနဲ့ ပတ်သက်ပြီးတော့လည်း မာတီနက်ဇ်က “ကွန်စီကာအိုက အသင်းအတွက် ချိန်သားကိုက် ရောက်ရှိလာခဲ့ပါတယ်။ သူကဒီအသင်းနဲ့ထိုက်တန်ပြီး အကူအညီအများကြီးပေးနိုင်တယ်ဆိုတာလည်း သက်သေပြနိုင်ခဲ့ပါပြီ။ သဘာဝဆန်ဆန် ခြေစွမ်းပြနိုင်တဲ့ကစားသမားပါ။ သူ့မှာအန္တရာယ်ရှိတဲ့ အာရုံခံနိုင်စွမ်းလည်းရှိပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့အတွက် အခက်အခဲတွေကြုံတွေ့ခဲ့ရပေမယ့် အနိုင်ရဖို့ထိုက်တန်ခဲ့ပါတယ်။ နိုင်ငံ့လက်ရွေးစင်နည်းပြတစ်ယောက်အတွက် ခံနိုင်ရည်ရှိပြီး ဂရုစိုက်တတ်တဲ့ကစားသမားတွေရှိတယ်ဆိုတဲ့အသိဟာ အံ့ဩစရာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။