The network connection is lost.

Banner Image

ချဲလ်ဆီးပစ်မှတ်ကို ခေါ်ယူဖို့ဆွေးနွေးနေတဲ့ အာဆင်နယ်အားကစားဒါရိုက်တာ ဘာတာ

သတင်းတွေအရ အာဆင်နယ်အားကစားဒါရိုက်တာ ဘာတာတစ်ယောက် အေစီမီလန်တောင်ပံကစားသမား ရာဖေးလ်လီအိုကို ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ အာတီတာဟာ အခုနွေရာသီမှာ တိုက်စစ်ပိုင်းကိုအားဖြည့်ဖို့ ပြင်ဆင်နေပြီး တိုက်စစ်မှူးတစ်ဦးအနေနဲ့ကစားနိုင်တဲ့ တောင်ပံတိုက်စစ်ကစားသမားကို ခေါ်ယူချင်နေပါတယ်။ မာကာတိုသတင်းဌာနရဲ့အဆိုအရ အာဆင်နယ်ဟာ လီအိုကို သူတို့ပစ်မှတ်ထဲမှာထည့်ထားတာဖြစ်ပြီး အာတီတာရဲ့ထိပ်တန်းပစ်မှတ်တော့မဟုတ်ဘူးလို့ သိရပါတယ်။

ဒါပေမယ့် သတင်းတွေအရ ဘာတာဟာ အသက် ၂၅ နှစ်သားကို ခေါ်ယူဖို့ အခုလအစောပိုင်းတုန်းက ဆွေးနွေးတယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ အခုနွေရာသီမှာ လီအိုကိုခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီ ဈေးကွက်ထဲမှာ ရှာဖွေနေဆဲဖြစ်ပါတယ်။ အေစီမီလန်ဘက်ကတော့ သူတို့စတားအတွက် ပေါင် ၆၇ သန်းရရင် ရောင်းထုတ်သွားဖွယ်ရှိနေပါတယ်။ မီလန်ဟာ အခုနွေရာသီမှာ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် ဘဏ္ဍာရေးအရ အဓိကကစားသမားတစ်ဦးကို ရောင်းချရနိုင်တာဖြစ်ပါတယ်။

ကွန်ဆီကာအိုရဲ့အသင်းဟာ အိမ်ကွင်းမှာ မွန်ဇာကို ၂-၀ နဲ့အနိုင်ရခဲ့ပေမယ့် တကယ်လို့ လာမယ့်တနင်္ဂနွေနေ့မှာ ဖီအိုရင်တီးနားက အူဒီးနီးစ်ကိုအနိုင်ရခဲ့မယ်ဆိုရင် အဆင့် ၈ နေရာအထိ ကျဆင်းသွားမှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ တောင်ပံနေရာအတွက် ကနဦးတုန်းက ရီးရဲလ်စတား ရိုဒရီဂိုကို ဆွေးနွေးခဲ့ပေမယ့် လုပ်ခလစာတောင်းဆိုမှုများပြားတာကြောင့် အပြောင်းအရွှေ့က အဆင်မပြေဖြစ်နေပါတယ်။