The network connection is lost.

Banner Image

အလွန်ဆိုကို ခေါ်ယူဖို့ ငွေကြေးအများအပြားအသုံးပြုရဖွယ်ရှိနေတဲ့ လီဗာပူး

လီဗာပူးအသင်းအနေနဲ့ ကလော့ပ်နေရာ အတွက် အလွန်ဆိုကို ခေါ်ယူမယ်ဆိုရင် ကစားသမားတုန်းကထက် ၂ ဆလောက်ငွေသုံးကြမ်းရမယ်လို့ သိရပါတယ်။
 
အလွန်ဆိုဟာ ကလော့ပ်နေရာမှာ အစားဝင်မယ့်သူအဖြစ် သတင်းကြီးနေပြီး စပိန်သားဟောင်း ဂျာမန်မြေမှာ လေဗာကူဆင်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေပါတယ်။ အဆိုပါအခြေအနေတွေကြောင့် လီဗာပူးအသင်းက ရာသီအကုန်မှာထွက်ခွာမယ့် ကလော့ပ်နေရာမှာ အလွန်ဆိုနဲ့ အစားထိုးချင်နေပါတယ်။
 
ကလော့ပ်ကတော့ မကြာသေးခင်တုန်းက သူ့အနေနဲ့ စွမ်းအင်ကုန်ဆုံးခဲ့ပြီဖြစ်တာကြောင့် အနားယူချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိရာသီမှာတော့ ကလော့ပ်ရဲ့လီဗာပူးအသင်းဟာ ကာရာဘောင်ဖလား ရယူထားနိုင်ခဲ့ပြီး အက်ဖ်အေဖလား ၊ ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလား လမ်းကြောင်းတွေပေါ်မှာလည်း ဆက်ရှိနေဆဲဖြစ်ပါတယ်။
 
ပရိသတ်တွေကလည်း အလွန်ဆိုဟာ ကလော့ပ်နည်းတူ ဥရောပဖလားအောင်မြင်မှု ရယူပေးနိုင်တယ်လို့ ထင်မြင်နေကြပါတယ်။ အသက် ၄၂ နှစ်သားဟာ လီဗာပူးအသင်း အတွက် ၂၁၀ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ၁၉ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
 
အဲ့တာအပြင် အလွန်ဆိုဟာာ ဆိုစီဒက်ဘီအသင်းကို နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် စပိန်ဒုတိယတန်းလိဂ်ကိုတန်းတက်နိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် လေဗာကူဆင်ကို ကိုင်တွယ်ခဲ့ကာ လက်ရှိအမှတ်ပေးဇယားမှာ ထိပ်ဆုံးကနေ ၁၀ မှတ်ဖြတ်ပြီး ဦးဆောင်နေပါတယ်။
 
ဘိုင်ယန်မြူးနစ်ဟာ ၁၁ နှစ်ကြာဘွန်ဒက်စ်လီဂါချန်ပီယံဆုကို သိမ်းပိုက်ထားခဲ့တာဖြစ်ပြီး အလွန်ဆိုအနေနဲ့ ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ၂၀၁၃ မှာ ဒေါ့မွန်နဲ့အတူ ချန်ပီယံဖြစ်ခဲ့တဲ့ ကလော့ပ်နောက်ပိုင်း ပထမဆုံးအကြိမ်စံချိန်တင်နိုင်မှာဖြစ်ပါတယ်။
 
သတင်းတွေအရ လီဗာပူးအသင်းအနေနဲ့ အလွန်ဆိုကို ခေါ်ယူနိုင်ဖို့ဆိုရင် ပေါင် ၂၁ သန်းလောက် ပေးချေရနိုင်တယ်လို့ သိရပါတယ်။ ယခင်တန်ကြေးအမြင့်ဆုံးအဖြစ် ဘိုင်ယန်က နာဂယ်စမန်းကို လိုက်ပ်ဇစ်ထံကနေ ခေါ်ယူတုန်းက ပေါင် ၂၁.၇ သန်းပေးချေခဲ့ရပါတယ်။
 
အလွန်ဆိုဟာ ကလော့ပ်နေရာအတွက် ထိပ်တန်းပစ်မှတ်ဖြစ်နေပေမယ့် လီဗာပူးအသင်းဟာ စပို့တင်းနည်းပြ အာမိုရင် ၊ ဘရိုက်တန်နည်းပြ ဒီဇာဘီနဲ့ ဂျာမန်နည်းပြ နာဂယ်စမန်းတို့ကိုလည်း စောင့်ကြည့်နေပါတယ်။