The network connection is lost.

Banner Image

မာဆေးလ် သို့ ပြောင်းရွှေ့ရန် လစာလျှော့ယူရန် သဘောတူထားတဲ့ ပေါ့ဂ်ဘာ

RMC Sport သတင်းထောက် ဟောကင်းစ်ရဲ့ ဖော်ပြချက်အရ Free Agent ပေါ့ဂ်ဘာဟာ မာဆေးလ် သို့ ပြောင်းရွှေ့ရန်အတွက် လစာလျှော့ယူရန် သဘောတူထားကြောင်း သိရပါတယ်။

မာဆေးလ်ရဲ့အားကစားဒါရိုက်တာ ဘန်နာတီယာ က L’Équipe နှင့် အင်တာဗျူးတွင် ၂၀၁၈ ကမ္ဘာ့ဖလားဆုရှင် ပေါ့ဂ်ဘာကို ဆောင်းရာသီ ဈေးကွက်အတွင်းခေါ်ယူရန် စဉ်းစားခဲ့ကြောင်း ဝန်ခံပြောဆိုပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ သို့သော် ဂျူဗင်တပ်စ်နှင့် ယူနိုက်တက်တို့တွင် ကစားခဲ့ဖူးတဲ့ ပေါ့ဂ်ဘာဟာ မာဆေးလ်သို့ ပြောင်းရွှေ့မည်ဆိုပါက ပြင်သစ်ကလပ်ဟာ နွေရာသီအထိ စောင့်ရန် လိုအပ်နိုင်ကြောင်း ပိုမိုထင်ရှားလာပါတယ်။

ဟောကင်းစ်ရဲ့ ဖော်ပြချက်အရ ပေါ့ဂ်ဘာကို မာဆေးလ်က ဒီဆောင်းရာသီတွင် ဆက်သွယ်ခဲ့ပြီး ကွင်းလယ်ကစားသမား ရောက်ရှိလာမှုကို မန်နေဂျာ ဒီဇာဘီက ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။ ပေါ့ဂ်ဘာဟာ သူရဲ့ အားကစားလှုပ်ရှားမှုများမှ ပိတ်ပင်ခံရခြင်းမတိုင်မီ ဂျူဗင်တပ်စ်နှင့် အရင်က သဘောထားသော နီးစပ်တဲ့ လစာကို ရရှိရန် ညှိနှိုင်းဖို့ ခက်ခဲမည်ကို နားလည်ထားတဲ့အတွက် လစာလျှော့ယူရန် သဘောတူထားကြောင်း သတင်းများက ဖော်ပြထားပါတယ်။

ပြင်သစ်သားရဲ့ အနာဂတ်က ၂၀၂၄ နှစ်ကုန်တွင် အယူခံဝင်ပြီးနောက် သူရဲ့ ၄ နှစ်ကြာ ပိတ်ပင်ခံရမှုကို ၁၈ လအထိ လျှော့ချခံရတဲ့အတွက် စောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။
လက်တွေ့အားဖြင့် ဆိုလျှင် ပေါ့ဂ်ဘာဟာ ဇန်နဝါရီလအစကတည်းက လေ့ကျင့်ခန်းဆင်းခွင့်ရရှိထားပြီး မတ်လတွင် ပြန်လည်ကစားခွင့်ရရှိနိုင်ပါတယ်။